သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်လုံခြုံရေး ထိုင်း မြန်မာဆွေးနွေး


မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၁) (ဓာတ်ပုံ-ဗွီအိုအေ)
မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၁) (ဓာတ်ပုံ-ဗွီအိုအေ)

ထိုင်း ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramundwinai ဟာ ဒီနေ့ နေ့လည်ပိုင်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းေအာင်လှိုင်နဲ့ တွေ့ဆုံပြီး နယ်စပ်ရေးရာ ကိစ္စတွေကို အဓိက ဆွေနွေးခဲ့ကြတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပြပါတယ်။

"ဒီနေ့နေ့လည် ၂ နာရီကနေ ၃ နာရီအထိတော့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တာရှိပါတယ်။ အဓိကဆွေးနွေးတဲ့အကြောင်းအရာကတော့ အရင်က ဝန်ကြီးချုပ် ၃ ယောက်ပေါ့။ ၇ ရက်နေ့တုန်းက ထိုင်းရယ်၊ လာအိုရယ်၊ မြန်မာရယ် ဝန်ကြီးချုပ် ၃ ယောက်ဆွေးနွေးခဲ့တာရှိတယ်။ ၃ နိုင်ငံနယ်စပ်ကိစ္စ။ အဲဒါတွေကို ထပ်မံပြီးအသေးစိတ် လုပ်ဆောင်ရမယ့်လုပ်ငန်းတွေ ထပ်မံဆွေးနွေးခဲ့တာရှိတယ်။ ပြီးရင် ၂ နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး၊ ၂ နိုင်ငံနယ်စပ် တရားဥပဒေစိုးမိုးရေး လူကုန်ကူးမှုတို့ လက်နက်မှောင်ခိုမှုတို့ အဲဒါတွေ ပပျောက်ရေး ဆွေးနွေးခဲ့ပါတယ်။"

နယ်စပ်ဒေသ တည်ငြိမ်လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို အသေးစိတ် အကောင်အထည် ဖော်ဆောင်နိုင်ရေး အရင်ထက် ပိုလုပ်နိုင်ဖို့ကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆက်ဆွေးနွေးဖို့လည်း ရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ လက်ရှိ ထိုင်းမြန်မာနယ်စပ်ဒေသ၊ ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မြန်မာ ဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက် အလုံးအရင်းနဲ့ ထွက်ပြေးတာတွေ ရှိနေချိန်မှာပဲ ခုလို တွေ့ဆုံကြတာဖြစ်ပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတာတော့ မရှိတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ နယ်စပ် တည်ငြိမ်ရေးကိစ္စ အဓိကထားပြီး အရင်ကတည်းက နှစ်နိုင်ငံကြား ရှိထားတဲ့ လုပ်ငန်းစဉ်တွေ ဆက်လက် ပူးပေါင်း လုပ်ဆောင်သွား ဖို့ ဆွေးနွေးကြတာ ဖြစ်တဲ့အကြောင်းနဲ့ နှစ်နိုင်ငံကြား တရားမဝင် လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှု ကိစ္စတွေကို အသေးစိတ်ဆွေးနွေးခဲ့တဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရက ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG