သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီတဝိုက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးဆဲ


ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းက စစ်ကောင်စီတပ်ရဲ့ သိန်းတန်ကုန်းစခန်းကို KNLA ၊နဲ့ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။ (ဧပြီ ၁၃၊ ၂၀၂၃/ဓာတ်ပုံ-ကော်ဘရာစစ်ကြောင်း)
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းက စစ်ကောင်စီတပ်ရဲ့ သိန်းတန်ကုန်းစခန်းကို KNLA ၊နဲ့ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်။ (ဧပြီ ၁၃၊ ၂၀၂၃/ဓာတ်ပုံ-ကော်ဘရာစစ်ကြောင်း)

{{Zawgyi/Unicode}}

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပေါ်နေပြီး ဒီရက်ပိုင်းမှာပဲ စစ်ကောင်စီလက်အောက်ခံ သိန်းတန်ကုန်းနယ်ခြားစောင့်ရဲစခန်းတခုကို ကော်ဘရာစစ်ကြောင်းနဲ့အတူ ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေပြီး ထိုင်းနယ်စပ်မှာ စစ်ဘေးရှောင်တွေလည်း တိုးလာနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေပြီး ဒီရက်ပိုင်းမှာပဲ နယ်ခြားစောင့်စခန်းတခုကို ကော်ဘရာစစ်ကြောင်းနဲ့အတူ ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပြပါတယ်။

"မြဝတီနဲ့မလှမ်းမကမ်းပေါ့နော်၊ သိန်းတန်ကုန်းစခန်းကို ဧပြီလ ၁၂ နဲ့ ၁၃ ရက်နေ့တွေက ကော်ဘရာစစ်ကြောင်းက တက်သိမ်းလိုက်တယ်။ ကော်ဘရာနဲ့ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းပြီးသိမ်းလိုက်တယ်။ ရန်သူ့အင်အား ၁၀ ဦးလောက်ကျဆုံးတယ်။ လက်နက်တွေလည်းအများကြီးရတယ်။ ဧပြီလ ၁၃ ရက်နေ့က ရန်သူရဲ့ကျောက်မိုင်းကုန်းကိုချောင်းပစ်တာ၊ စနိုက်ပါနဲ့ပစ်တာတော့ ၃ ယောက်လောက်သေတယ်။
....တက်သိမ်းပြီးတော့ ကျနော်တို့က စခန်းကုန်းကို စွန့်ခွါခဲ့တယ်။ ဧပြီ ၁၂ နဲ့ ၁၃ က တိုက်ပွဲပြင်းထန်တော့ ကျနော်တို့ဘက်ကလည်း ၄ ယောက်လောက် ကျဆုံးတယ်။ စခန်းကုန်းကတော့ တက်သိမ်းပြီး ဖျက်ဆီးပြီး ပြန်ဆုတ်ခွါခဲ့တယ်။"

မတ်လ ၂၅ ရက်နေ့ကစပြီး မြဝတီခရိုင်ထဲက အတွင်းမဲ့ကနယ်ရွာအပြင် အနီးနားက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ နေထိုင်မရဲသလို အိမ်တွေလည်း မီးရှို့ခံလိုက်ရတဲ့အတွက် ထိုင်း မြန်မာ နယ်စပ်ဘက်ကို ရွှေ့ပြောင်းနေကြတယ်လို့လည်း နယ်စပ်နေပြည်သူတဦးကလည်းပြောပြပါတယ်။

"ညတိုင်း လက်နက်ကြီးနဲ့ ပစ်နေတယ်။ တဒိုင်းဒိုင်းနဲ့ပဲ။ စကစဘက်ကပစ်နေတယ်။ အလုံးကြီးတွေ ( လက်နက်ကြီး)တွေနဲ့ပေါ့။ လူတွေကတော့ ထိုင်းဘက်ကို ပြေးနေတာပဲ။ ထိုင်းဘက်ကတော့ ဝင်တာလက်ခံလား မခံလားတော့ မသိဘူး၊ ပြေးနေတာပဲ။"

အခုဆိုရင် မဲ့ကနယ်ကျေးရွာက ဒေသခံ ၁၆၀ နီးပါးဟာ သေ့ဘောဘိုးကျေးရွာဘက်ကို စစ်ဘေးရှောင်လာကြပြီး နေထိုင်စားသောက်ရေးလည်း ခက်ခဲနေတယ်လို့ဆိုပါတယ်။ သောင်ရင်းမြစ်အနီးမှာတော့ လေးကေ့ကော်ယာယီစစ်ဘေးရှောင်စခန်းရှိပြီး အခုဆိုရင် သောင်ရင်းမြစ်တလျောက်မှာလည်း ထောင်နဲ့ချီတဲ့စစ်ဘေးရှောင်တွေ ရှိနေဆဲဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}

မွဝတီတဝိုကျတိုကျပှဲတှေ ဆကျလကျဖွဈပှါးဆဲ







ဆက်စပ်သတင်းများ ...

XS
SM
MD
LG