သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် မွန်ပြည်နယ်မှာ ရာနဲ့ချီတဲ့ဒေသခံတွေ တိမ်းရှောင်


ယခင်မှတ်တမ်းရုပ်ပုံ | မွန်ပြည်နယ် ဘီးလင်မြို့နယ်ထဲက စစ်ဘေးရှောင်တချို့
ယခင်မှတ်တမ်းရုပ်ပုံ | မွန်ပြည်နယ် ဘီးလင်မြို့နယ်ထဲက စစ်ဘေးရှောင်တချို့

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) အခြေစိုက်လှုပ်ရှားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဒီရက်ပိုင်း လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ဒူးပလာခရိုင်မှာ ရာနဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၆)ထိမ်းချုပ်ရာ ဒူးပလာယာခရိုင် မွန်ပြည်နယ် ရေးမြို့နယ်ထဲက ဘဲလမု ကျေးရွာအုပ်စုဝါပသဲကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေလုပ်ခဲ့တာကြောင့်ဒေသခံ ၅၀၀ ထက်မနည်း စစ်ဘေးရှောင်းနေရတယ်လို့ ဒေသခံတဦးကပြောပြပါတယ်။

"ည ၁၁နာရီ ၁၀နာရီ ၁၁လောက်မှ လေယာဉ်နဲ့ရောက်လာပြီးဘာတိုက်ပွဲမှာလည်းမရှိပဲနဲ့ တော်လှန်ရေးသမားတွေ ရှိတယ်ဆိုပြီးရွာထဲ့ကို လေယာဉ်နဲ့ဗုံးလာကြဲတော့ အကုန်လုံးထွက်ပြေးရတယ်ရွာသားတယောက်ထိသွားတယ် ဒုက္ခသည်တွေရှိတဲ့နေရာတွေကိုထွက်ပြေးရတယ်၊ လူဦးရေ လေးရာ ငါးရာလောက်ရှိတယ်၊ အခုချိန်ထွက်ပြေးနေရတယ် တ ယောက်မှလဲမနေရရဲတော့်ဘူး ဘယ်တော့ ဘယ်အချိန်လေယာဉ်လာကြဲမလဲဆိုပြီးစောင့်ကြည့်ပြီးပြေးနေရတယ်"

ဝါပသဲကျေးရွာ စာသင်ကျောင်းအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးလေယဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် ဒေသခံတွေရဲ စားသင်ကျောင်းတွေနဲ့ကရင် ကျေးရွာတွေ ၅ရွာထက်မနည်း စစ်ဘေးရှောင်နေရပါတယ်။ ဒီကနေ မနက် မှာလည်း လေကြောင်းတိုက်ခိုက်မူတွေလုပ်သေးတယ်လို့ဆိုပါတယ် ။ဒီကနေ့မနက် ကထိခိုက်သေဆုံးမူတွေကိုတော့မသိရသေးပါဘူး။ အလားတူ မေလ ၆ရက်နေ့တုန်းကလည်း ကျိုဒိုးမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေလုပ်ခဲ့ပါတယ်။

စစ်ကောင်စီကတော့လေကြောင်းတိုက်ခိုက်မူတွေအများဆုံးလုပ်တာကတော့ ကေအန်ယူတပ်မဟာ(၅)နဲ့အခု တပ်မဟာ(၆)ထိမ်းချုပ်နယ်မြေဖြစ်ပြီး လေကြောင်းတိုက်ခိုက်မူတွေကြောင့်အရပ်သားတွေ ထိခိုက်သေဆုံးမူတွေမလည်းမကြာခနဖြစ်ပေါ်နေပါတယ်။အခုလိုလေကြောင်းတိုက်ခိုက်မူတွေ ဆက်တိုက်ရှိနေတာကြောင့် သောင်ရင်းမြစ်အနီးက စစ်ဘေးရှောင်တွေကလည်းနေရပ်မပြန်နိုင်တာ တနှစ်ကျော်သွားပြီဖြစ်ပါတယ်။

XS
SM
MD
LG