သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကမ်းမြောင်ဒေသ အစ္စရေး လေကြောင်းတိုက်ခိုက်


A Palestinian girl looks at the rubble of a building, following an Israeli airstrike, in Beit Lahia in the northern Gaza Strip.
A Palestinian girl looks at the rubble of a building, following an Israeli airstrike, in Beit Lahia in the northern Gaza Strip.

ဂါဇာကမ်းမြောင်ဒေသ အစ္စရေး လေကြောင်းတိုက်ခိုက်

ဂါဇာ ကမ်းမြောင်ဒေသမှာ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို တညလုံး လုပ်ဆောင်ခဲ့ပြီး ကြာသပတေးနေ့ အစောပိုင်းအထိဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့က ဒုံးကျည်အဖွဲ့ရဲ့ ခေါင်းဆောင်တယောက် သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အဲ့ဒီမှာ ရက်အတန်ကြာ ဆက်တိုက် အကြမ်းဖက်မှုတွေ ဖြစ်ပွားနေချိန်မှာပဲ အခုလို တိုက်ခိုက်မှုတွေက ဖြစ်ခဲ့တာပါ။

အနောက်ဘက်ကမ်းဒေသကို အစ္စရေးက ဝင်ရောက်စီးနင်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေသလို၊ ပါလက်စတိုင်း စစ်သွေးကြွတွေဘက်ကလည်း နယ်စပ်ဖြတ်ကျော် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရအောင် အီဂျစ်က ဦးဆောင်ပြီး ကြားဝင်စေ့စပ်နေတယ်လို့
အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဖက်စလုံးက တာဝန်ရှိသူတွေက ပြောပါတယ်။

အင်္ဂါနေ့ ကတည်းကဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေအတွင်း ပါလက်စတိုင်းဘက်က အနည်းဆုံး ၂၆ ယောက်သေဆုံးခဲ့ပါတယ်။ အဲ့ဒီထဲမှာ အစ္စလာမ္မစ်ဂျီဟတ် ခေါင်းဆောင် သုံးယောက်နဲ့ အရပ်သား ၁၀ ယောက် ပါ၀င်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ပြောတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာတော့ အစ္စရေးနိုင်ငံသားတွေ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်တာတွေကြောင့် ပါလက်စတိုင်း စစ်သွေးကြွတွေ အထိနာနေပေမဲ့၊ အစ္စရေးရဲ့ စစ်ဆင်ရေး‌တွေ ကတော့ ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ဘူးလို့ နေတန်ယာဟုက ပြောပါတယ်။ အကြမ်းဖက် သမားတွေနဲ့ သူတို့ကို ပံ့ပိုးပေးနေတဲ့ သူတွေကိုရှာပြီး ဆက်လက် ချေမှုန်းသွားလို့ နေတန်ယာဟုက ပြောပါတယ်။

ဒီ ပဋိပက္ခနဲ့ပတ်သက်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကလည်း အစ္စရေးအမျိုးသားလုံခြုံရေးအကြံပေး Tzachi Hanegbi နဲ့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးခဲ့ပြီး တင်းမာမှုအရှိန်ကို လျော့ဖို့နဲ့ နောက်ထပ်အသက်ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်က အစ္စရေးရဲ့ လုံခြုံရေးအတွက် ထောက်ခံကြောင်းနဲ့ အစ္စရေးနိုင်ငံနဲ့ တိုက်ခိုက်မှုတွေကနေ မိမိကိုယ်ကို ကာကွယ်ခွင့်ရှိတယ်လို့လည်း Sullivan က ကြေညာချက်မှာ ထပ်မံအတည်ပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG