သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေ မုန်တိုင်းဒုက္ခသည်တွေကို အရေးပေါ်အကူညီ ကုလပေးအပ်


အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက အုန်းတောချေရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက အုန်းတောချေရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)

စစ်တွေ မုန်တိုင်းဒုက္ခသည်တွေကို အရေးပေါ်အကူညီ ကုလပေးအပ်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုံးမုန်တိုင်း ဒဏ်ခံရသူတွေအတွက် ကုလသမဂ္ဂက အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ဖြန့်ဖြူးပေးခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ရုံးလက်ထောက် ပြောခွင့်ရ Stephanie Tremblay က သောကြာနေ့ ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ရခိုင်ပြည်နယ် စစ်တွေက မုန်တိုင်းရှောင်စခန်းတွေမှာ လာရောက် ခိုလှုံနေကြတဲ့ ဒုက္ခသည် ၆၀၀၀ လောက်အတွက် အရေးပေါ်လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ဖြန့်ဖြူးပေးခဲ့တယ်လို့ ပြောသွားတာပါ။

မုန်တိုင်းကြောင့် ပျက်စီးကုန်တာတွေကို မိုးမကျခင် အပြင်းအထန်ပြန်လည် ပြင်ဆင်နေကြတဲ့ ရခိုင်ပြည်နယ်ထဲက ဒေသခံတွေအတွက် လူသားချင်းစာနာမှု အကူညီတချို့လည်း စပေးနိုင်ပြီလို့ ပြောပါတယ်။ အမိုးအကာပစ္စည်းလို အရေးတကြီးလိုအပ်နေတာတွေ မလုံလောက်တဲ့အပြင် ဈေးတွေသိပ်ကြီးနေတာကြောင့် မုန်တိုင်းဒဏ်ခံရတဲ့နေရာတွေကို ပြင်ဆင်ဆောက်လုပ်ရာမှာ အဟန့်အတားတွေ ဖြစ်နေတာပါ။ မုန်တိုင်းဒဏ်ရှောင်ဖို့ ဆောက်ထားတဲ့ စခန်းတွေ၊ ဘုန်းကြီးကျောင်းဝင်းတွေဆီ ခိုလှုံဖို့ လာနေသူတွေက အခုထိ ရှိနေဆဲဖြစ်ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့တွေက တချို့ဒေသတွေမှာ မုန်တိုင်းသင့်ဒုက္ခသည်တွေအတွက် နားခိုစရာရအောင် လုပ်ဆောင်ပေးနိုင်ခဲ့သလို တချို့ဒေသတွေမှာ လောင်စာဆီ ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ တချို့ကနေရာတွေမှာ လူနာရှိရာနေရာတွေကို ရွေ့လျားဆေးအဖွဲ့လေးတွေနဲ့ သွားရောက်ပြီး ကုသမှုပါ ပေးနိုင်ပေမယ့် တခြားကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ရေသန့်ရဖို့အပါအဝင် အရေးပေါ်လုပ်ဆောင်ပေးရမှာတွေက လိုအပ်နေဆဲပါ။

ကုလသမဂ္ဂနဲ့ မိတ်ဘက်အဖွဲ့တွေဟာ ဒေသတွင်းလိုအပ်သူတွေ အတွက် အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်ဖို့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ကို စောင်းဆိုင်းနေဆဲပဲ လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

XS
SM
MD
LG