သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရတနာဓါတ်ငွေ့စီမံကိန်း အကြီးဆုံးရှယ်ယာ ကနေဒါကုမ္ပဏီဖြစ်နေ


Yadana Gas Pipeline
Yadana Gas Pipeline

ရတနာဓါတ်ငွေ့စီမံကိန်း အကြီးဆုံးရှယ်ယာ ကနေဒါကုမ္ပဏီဖြစ်နေ

ငွေကြေး အမြတ်အစွန်းများတဲ့ မုတ္တမကမ်းလွန်ဒေသက ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ အကြီးဆုံး ရှယ်ယာပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီက ကနေဒါနိုင်ငံက ဖြစ်နေကြောင်း ကနေဒါ အခြေစိုက် သက်တမ်းရင့် သတင်းစာ တိုရွန်တွန်စတားက စုံစမ်းဖော်ထုတ်လိုက်ပါတယ်။ ဒါဟာ မြန်မာ စစ်ဏာသိမ်းအစိုးရအပေါ် ကနေဒါအစိုးရရဲ့ ပိတ်ဆို့အရေးယူမှု မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

Et Martem Holdings ကုမ္ပဏီက အမေရိကန် စွမ်းအင်ကုမ္ပဏီကြီး (Chevron) ရှဗရွမ် ကော်ပိုရေးရှင်းဆီက အစုရှယ်ယာတွေကို ဝယ်ယူခဲ့တာပါ။ ဝယ်ယူတဲ့ စျေးနှုန်းကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းရဲ့ အကြီးဆုံး ရှယ်ယာတွေ ဘယ်သူ့လက်ထဲ ရောက်သွားလဲဆိုတာကို တိုရွန်တိုသတင်းစာနဲ့အတူ တရားမဝင် ဘဏ္ဍာရေးဆိုင်ရာ သတင်းနဲ့ အချက်အလက်တွေ စုံစမ်းထုတ်ဖော်နေတဲ့ လွတ်လပ်တဲ့ အဖွဲ့တခုဖြစ်တဲ့ Finance Uncovered နဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Justice For Myanmar အဖွဲ့တွေရဲ့ “Follow-the-money” သုတေသန စီမံချက်ကနေ ရှဗရွမ်ကို စုံစမ်းရာမှာ ရှဗရွမ်ဘက်က ပထမဆုံး အကြိမ်အဖြစ် သူတို့ရောင်းချခဲ့တဲ့ ကုမ္ပဏီကို ထုတ်ဖော်ပြောခဲ့တာပါ။

အရင်က လူသိမများတဲ့ Et Martem Holdings ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ မှတ်ပုံတင်ခဲ့ပြီး ကနေဒါနိုင်ငံ၊ Edmonton ရှိ လူနေအိမ်တွေရှိတဲ့ လမ်းတခုမှာ အခြေစိုက်တယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီငယ်လေးတခု ဖြစ်တဲ့ MTI စွမ်းအင်က ရာနှုန်းပြည့် ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ Et Martem ကုမ္ပဏီက MTI ဒါရိုက်တာအဖွဲ့ရဲ့ နာမည်ကို ထုတ်ဖော်ပြောဆိုပေမယ့် ရှယ်ယာပိုင်ရှင်တွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရပါဘူး။ MTI ကို ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၂၁ တုန်းက အင်ဂိုလာနိုင်ငံမှာလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းတချို့ကို လုပ်ခဲ့ပါတယ်။ ကနေဒါ အာဏာပိုင်တွေက ဒီ အဖြစ်အပျက်တွေကို အနီးကပ် လေ့လာနေပြီး အလားတူ မဖြစ်ပွားစေဖို့ ပိတ်ဆို့အရေးယူမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ တိုရွန်တိုစတား သတင်းစာကို ပြောပါတယ်။

စစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာပြည်က လုပ်ငန်းတွေကို ရပ်နားမယ့်အကြောင်း ရှဗရွမ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက် ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းက သူ့ရဲ့ အစုရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို ရောင်းချပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE နဲ့ စီးပွားရေး အဆက်အသွယ် ဖြတ်တောက်ခဲ့တာပါ။

ရတနာဓါတ်ငွေ့စီမံကိန်း အကြီးဆုံးရှယ်ယာ ကနေဒါကုမ္ပဏီဖြစ်နေ
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG