သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်နဲ့ ဂျာမနီတို့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ အကူအညီပေးကိစ္စတွေ ဆွေးနွေး


ယခင်မှတ်တမ်းရုပ်ပုံ | ရိုဟင်ဂျာဒုက္ခသည်တချို့နှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း သွားရောက်လေ့လာအပြီး ကော့ဇ်ဘဇားဘက်သို့ ပြန်လည်ရောက်ရှိလာကြစဉ် (မေ ၅၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ရိုဟင်ဂျာဒုက္ခသည်တချို့နှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း သွားရောက်လေ့လာအပြီး ကော့ဇ်ဘဇားဘက်သို့ ပြန်လည်ရောက်ရှိလာကြစဉ် (မေ ၅၊ ၂၀၂၃)

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို နေရပ်ပြန်ပို့ရေးမှာ သူတို့ရဲ့ သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်မှာ အဆင်ပြေနိုင်မယ့်နည်းလမ်းတွေနဲ့ ဆောင်ရွက်ရမယ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျာမနီနိုင်ငံတို့က သဘောတူညီခဲ့ကြပါတယ်။

ဒီလုပ်ငန်းစဉ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အဓိက ပါဝင်ရမယ့် အခန်းကဏ္ဍတွေကိုလည်း နှစ်ဖက်စလုံးက မီးမောင်းထိုးပြခဲ့ပါတယ်။

ဂျာမနီနိုင်ငံခြားရေးရုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဒါရိုက်တာ Susanne Fries-Gaier ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေကို ထောက်ပံ့ကူညီမှုအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်ရှိကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen ကလည်း ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုတွေအတွက် ဂျာမနီကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ဂျာမနီနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဒါရိုက်တာ Susanne Fries-Gaier ကလည်း သူ့ရဲ့ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့က ရိုဟင်ဂျာတွေအတွက် ရန်ပုံငွေအသစ် ထပ်မံခွဲဝေပေးမယ့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကို ရန်ပုံငွေ ယူရို ၅ သန်း ထပ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG