သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါတောမီးကထွက်လာတဲ့ မီးခိုးတွေကြောင့် ကန်မှာ လေထုညစ်ညမ်းမှုဖြစ်နေ

ကနေဒါနိုင်ငံမှာလောင်နေတဲ့တောမီးကြောင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မန်ဟက်တန်အရပ်မှာ မီးခိုးငွေ့တွေထူထပ်နေတာကို တွေ့ရစဉ် (ဇွန် ၇၊ ၂၀၂၃)
ကနေဒါနိုင်ငံမှာလောင်နေတဲ့တောမီးကြောင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မန်ဟက်တန်အရပ်မှာ မီးခိုးငွေ့တွေထူထပ်နေတာကို တွေ့ရစဉ် (ဇွန် ၇၊ ၂၀၂၃)

ကနေဒါနိုင်ငံနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောင်မီးကနေပျံ့နှံ့လာတဲ့ မီးခိုးတွေဟာ လေထုထဲမှာ ကျန်းမာရေးကို ထိခိုက်နိုင်လောက်တဲ့အထိ များပြားနေတာကြောင့် အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းက မြို့တွေမှာ အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းဝတ်ကြဖို့ တာဝန်ရှိသူတွေ ဆော်သြနေပါတယ်။

မြို့တော် ဝါရှင်တန်ဒီစီနဲ့ နယူးယောက်မြို့က ကျောင်းတွေအပါအဝင် ကျောင်းတော်တော်များများမှာလည်း ကျောင်းသားတွေရဲ့ ပြင်ပလှုပ်ရှားမှုတွေကို ဖျက်ထားရပါတယ်။ မီးခိုးတွေကြောင့် အမြင်မကြည်လင်တဲ့အတွက် နယူးယောက်မြို့မှာ ဗုဒ္ဓဟူးနေ့က လေယာဉ်ခရီးစဉ် တချို့ကိုတောင် ဖျက်ခဲ့ရပါတယ်။ မီးခိုးတွေကြောင့် လေထုညစ်ညမ်းမှုပမာဏ အဆမတန်များနေတဲ့အတွက် ဖြစ်နိုင်ရင် အိမ်ပြင်မထွက်ကြဖို့နဲ့ ထွက်မယ်ဆိုရင်လည်း နှာခေါင်းစည်းဝတ်ဆင်ကြဖို့ နယူးယောက်မြို့တော်ဝန် Eric Adams ကတိုက်ထွန်းထားပါတယ်။

ကနေဒါနိုင်ငံ British Columbia ပြည်နယ် Fort Nelson မြို့တောင်ပိုင်းမှာ အကြီးအကျယ်လောင်နေတဲ့ တောမီးကိုတွေ့ရစဉ် (ဇွန် ၃၊ ၂၀၂၃)
ကနေဒါနိုင်ငံ British Columbia ပြည်နယ် Fort Nelson မြို့တောင်ပိုင်းမှာ အကြီးအကျယ်လောင်နေတဲ့ တောမီးကိုတွေ့ရစဉ် (ဇွန် ၃၊ ၂၀၂၃)

အတ္တလန်တိတ်သမုဒ္ဒရာနဲ့ ထိဆက်နေတဲ့ အမေရိကန်အရှေ့ခြမ်း ကမ်းရိုးတမ်းဒေသအားလုံးမှာ လေထုအရည်အသွေး သတိပေးချက်ကို အမေရိကန်မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ အရှေ့ပိုင်းမှာရှိတဲ့ ဗားမောင့်ကနေ တောင်ကယ်ရိုလိုင်းနားပြည်နယ်တွေသာမက အနောက်အလယ်ပိုင်းပြည်နယ်တွေဖြစ်တဲ့ အိုဟိုင်းယိုးနဲ့ ကန်းဆက်စ်ပြည်နယ်တွေအထိ အိမ်ပြင်မှာ ကြာကြာနေရင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးနေပါတယ်။

အမေရိကန်မြောက်ပိုင်းနဲ့ ထိဆက်နေတဲ့ ကနေဒါနိုင်ငံမှာ ဧက ၁၀ သန်းနီးပါး တောမီးမီးလောင်ကျွမ်းနေပါတယ်။ ဒီနေ့အထိ ကနေဒါနိုင်ငံတဝန်း တောမီးပေါင်း ၄၁၄ ခုထက်မနည်းလောက်ကျွမ်းနေပြီး ၂၃၉ ခုက ထိမ်းမရတဲ့ အခြေအနေဖြစ်တယ်လို့ အရေးပေါ်ပြင်ဆင်ရေးဆိုင်ရာ ဝန်ကြီးက ပြောပါတယ်။ အဆိုးဆုံးတောမီးလောင်နေတဲ့ထဲမှာ နိုင်ငံအရှေ့ပိုင်းက Quebec ပြည်နယ်မှာဖြစ်ပါတယ်။ အမေရိကန်က မီးသတ်ရာနဲ့ချီလည်း ကနေဒါမှာ သွားရောက် ကူညီငြှိမ်းသတ်ပေးနေကြပါတယ်။

တောမီးပြဿနာနဲ့ပါတ်သက်လို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးနဲ့ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်တို့ ဗုဒ္ဓဟူးနေ့က ဖုန်းနဲ့ဆက်သွယ် စကားပြောခဲ့ကြပါတယ်။ ခုလို ကနေဒါနိုင်ငံ အင်မတန်လိုအပ်နေတဲ့ အကူအညီကို အမေရိကန်ကပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်ထရူးဒိုးက သမ္မတဘိုင်ဒန်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကနေဒါတောမီး အဆိုးရွားဆုံးဖြစ်လာ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG