သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတဟောင်း Pence ရီပတ်ပလင်ကန် သမ္မတလောင်း ယှဉ်ပြိုင်မည်


အိုင်အိုဝါပြည်နယ်မှာ လူထုနဲ့တွေ့ဆုံနုတ်ဆက်နေတဲ့ ဒုသမ္မတဟောင်း Mike Pence၊ မေ ၂၃၊၂၀၂၃
အိုင်အိုဝါပြည်နယ်မှာ လူထုနဲ့တွေ့ဆုံနုတ်ဆက်နေတဲ့ ဒုသမ္မတဟောင်း Mike Pence၊ မေ ၂၃၊၂၀၂၃

အမေရိကန် ဒုသမ္မတဟောင်း မိုက်ပန့်စ်ဟာ ၂၀၂၄ ရီပတ်ဘလီကန် သမ္မတလောင်းရွေးပွဲမှာ ပါဝင် ယှဥ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းလွှာကို တနင်္လာနေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ ပေးပို့လိုက်ပါတယ်။ ဗွီဒီယိုကတဆင့် တရားဝင်ကြေညာချက်ကိုတော့ လာမယ့် ဗုဒ္ဓဟူးနေ့ သူ့ရဲ့ ၆၄ နှစ်ပြည့် မွေးနေ့မှာ အမေရိကန် အနောက်အလယ်ပိုင်းက အိုင်အိုဝါပြည်နယ်မှာ ထုတ်ပြန်ဖို့ ရှိပါတယ်။

မိုက်ပန့်စ်ဟာ ရီပတ်ဘလီကန် ပါတီတွင်းမှာ အခြား အမည်စာရင်းပေးထားသူတွေနဲ့ ယှဥ်ပြိုင်ရမှာ ဖြစ်ပြီး အထူးသဖြင့် အရင်သူနဲ့အတူတာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ ဟောင်း ‌ဒေါ်နယ်ထရမ့်နဲ့အတူ ရေပန်းစားနေတဲ့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis တို့နဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ် ရှိပါတယ်။

ဧဝံဂေလိခရစ်ယာန် ဘာသာဝင်တဦး ဖြစ်တဲ့ မိုက်ပန့်စ်ဟာ 'ခရစ်ယာန်၊ ရှေးရိုးစွဲ၊ ရီပတ်ဘလစ်ကန်’ အဖြစ် သူ့ကိုယ်သူ အမြဲ ညွှန်းဆိုလေ့ရှိသူပါ။ ထရမ့်ရဲ့ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကို ရိုးရိုးရှင်းရှင်းနဲ့ ‌ဖော်ဆောင်ပေးနိုင်သူ၊ မိသားစုတန်ဖိုးတွေကို အလေးထားတဲ့ အစဉ်အလာ ရီပတ်ဘလီကန်တဦး ဖြစ်ပါတယ်။ လိင်တူလက်ထပ်တာကို ဆန့်ကျင်သလို ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စမှာလည်း သဘောထားတင်းမာသူဖြစ်ပါတယ်။ ထရမ့်နဲ့ မတူတာကတော့ မိုက်ပန့်စ်ဟာ လူမှုဖူလုံရေး ထောက်ပံ့မှုတွေ ဖြတ်တောက်ဖို့ ရေရှည်အတွက်ထည့်သွင်းစဥ်းစားရမယ်လို့ထုတ်ပြောထားပြီး နိုင်ငံခြားရေးမှာလည်း ယူကရိန်းဘက်က အခိုင်အမာ ရပ်တည်သူ ဖြစ်ပါတယ်။

ဒါပေမယ့် ရီပတ်ဘလီကန်တွေရဲ့ နိုင်ငံလုံးဆိုင်ရာ စစ်တမ်းတွေအရ ထရမ့်ဟာသူ့သမ္မတရာထူးနဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုအများအပြားနဲ့ ရင်ဆိုင်နေရပေမယ့် သမ္မတလောင်း အဖြစ် ထိပ်ဆုံး ရေပန်းစားနေပါတယ်။ သူ့နောက်က ဒုတိယနေရာမှာ ၃၀ ရာခိုင်နှုန်း အမှတ်နဲ့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ရှိနေပြီး မိုက်ပန့်စ်နဲ့ အခြားသူတွေကတော့ ၅% ထက်နည်းတဲ့ ထောက်ခံမှုရရှိထားကြတာပါ။

မိုက်ပန့်စ်ဟာ ထရမ့် သမ္မတသက်တမ်းအတွင်း သစ္စာစောင့်သိတဲ့ ဒုတိယခေါင်းဆောင်အဖြစ် တလျှောက်လုံး ရပ်တည်ခဲ့ပေမယ့် ထရမ့် ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို ဒုသမ္မတ အနေနဲ့ ဆီးနိတ်လွှတ်တော်မှာလက်မခံဖို့ ထရမ့်ရဲ့ တောင်းဆိုချက်ကို အခြေခံဥပဒေအရသူ့မှာ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ချဖို့ အခွင့်အာဏာ မရှိဘူးဆိုပြီး ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် ထရမ့်က သူ့ ကို "သစ္စာဖောက်" အဖြစ် ပြစ်တင်ခဲ့သလို ထရမ့်ထောက်ခံသူတွေ လွှတ်တော်ကို ဝင်စီးခဲ့တဲ့ အဓိကရုဏ်းအတွင်းမှာ သူ့ကို ကြိုးပေးဖို့ အထိ ကြွေးကြော်ခဲ့ကြလို့ ထရမ့်က သူ့ရဲ့မိသားစုကိုပါ အသက်အန္တရာယ် ခြိမ်းခြောက် နေတယ်လို့ မိုက်ပန့်စ်က ထုတ်ပြောတဲ့အထိ ဖြစ်လာပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရုရှား ခေါင်းဆောင် ဗလာဒီမီယာ ပူတင် အပေါ် သဘောထားကစပြီး ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာကိစ္စရပ်တွေ အထိ ထရမ့်နဲ့ သူ့ကြားက သဘောထားကွဲပြားမှုတွေကို မိုက်ပန့်စ်ကထုတ်ပြောထားပါတယ်။

ဒုသမ္မတဟောင်း Pence ရီပတ်ပလင်ကန်သမတလောင်း ယှဉ်ပြိုင်မည်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG