သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းသင့်ဒေသ ကယ်ဆယ်ရေးသွားခွင့် ပိတ်ပင်မှုအပေါ် ကုလစိုးရိမ်


မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃
မိုခါ မုန်တိုင်းလွန် စစ်တွေမြို့တနေရာ မေ ၁၇၊၂၀၂၃

မိုခါမုန်တိုင်းသင့်ဒေသ ကယ်ဆယ်ရေးသွားခွင့် ပိတ်ပင်မှုအပေါ် ကုလစိုးရိမ်


မြန်မာနိုင်ငံမှာ ဆိုင်ကလုံးမုန်တိုင်း မိုခါ ဒဏ်ခံရတာ တလပြည့်တော့မှာဖြစ်ပြီး ဒီမုန်တိုင်းဒဏ်သင့် ဒေသတွေထဲက ရခိုင်ပြည်နယ်တွင်း လူသားစာနာမှု အကူညီပေးဖို့ မလုပ်နိုင်ပဲ ဖြစ်လာနေတာကို ကုလသမဂ္ဂက စိုးရိမ်ကြောင်း အတွင်းရေးမှုးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric က သောကြာနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ရခိုင်ပြည်နယ်တွင်း လူသားစာနာမှု အကူညီပေးဖို့ သွားရောက်ခွင့် တားမြစ် ခံရတာဟာ သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူ တွေကို ထိခိုက်စေနိုင်တယ်"လို့ ပြောသွားတာပါ။

မုန်တိုင်းသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေ အဖွဲ့တွေရဲ့ သွားလာခွင့်တွေကို စစ်ကောင်စီက ဇွန်လ ၈ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အစပိုင်းမှာ ရခိုင်ပြည်နယ်ထဲက မိုခါမုန်တိုင်းသင့် မြို့နယ်တွေကို လူသားချင်းစာနာမှု အကူအညီ ဖြန့်ဖြူးပေးခွင့်တွေ၊ ကယ်ဆယ်ကူညီရေးအတွက် သွားလာခွင့်တွေ ပေးထားရာကနေ အခု ပြန်ရုပ်သိမ်းလိုက်တာ တွေ့ရကြောင်းနဲ့ တချို့လိုအပ်တဲ့ ကယ်ဆယ်ကူညီရေး ပစ္စည်းတွေ ပြန်ဖြည့်ဖို့ ပြည်ပက ပို့ပေးခွင့်ကိုပါ ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ မိုခါမုန်တိုင်းဒဏ်ခံရသူ ၁၁၀,၀၀၀ ကျော်အတွက် အမိုးအကာနဲ့ အရေးပါတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ကုလသမဂ္ဂက ပေးဝေနိုင်ခဲ့ပြီး ရခိုင်ပြည်နယ်တခုထဲမှာတင် ဒုက္ခသည် ၃ သိန်းလောက်အတွက် စားနပ်ရိက္ခာ ပေးဝေနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂနဲ့ မိတ်ဆွေ ကူညီရေးအဖွဲ့တွေက ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာအပြင် စိုက်ပျိုးဖို့ မျိုးစေ့တွေ ဓါတ်မြေသြဇာတွေကိုပါ ဖြန့်ဖြူးပေးနေတာပါ။ မုန်တိုင်းသင့် ဒေသတွေမှာ အကူအညီ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်လာနေတဲ့ မိုးရာသီရောက်လာချိန်မှာ အခုလို အကူညီပေးရေး လုပ်ငန်းတွေ ဆိုင်းငံ့ ခံရတာကြောင့် တိုးမြှင့်ကူညီဖို့ ကြိုးစားနေတဲ့ ကုလသမဂ္ဂနဲ့ အကူညီပေးရေးအဖွဲ့တွေဘက်က အထူး စိုးရိမ်မိကြောင်းပြောပါတယ်။

XS
SM
MD
LG