သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

'တိုက်တန်' ရေငုပ်ယာဉ်ငယ်ရဲ့ အပျက်အစီးတွေ ရှာဖွေနေဆဲ


US-CANADA-TITANIC-SUBMERSIBLE
US-CANADA-TITANIC-SUBMERSIBLE

'တိုက်တန်' ရေငုပ်ယာဉ်ငယ်ရဲ့ အပျက်အစီးတွေ ရှာဖွေနေဆဲ

မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲက တိုက်တန်းနစ် သင်္ဘော ပျက်ခဲ့တဲ့ နေရာကို လေ့လာရေးခရီးထွက်ရင်း ပျက်စီးခဲ့ရတဲ့ တိုင်တန် (Titan) ရေငုပ်ယာဥ်ငယ်ရဲ့ အပျက်အစီးတွေကို ရှာဖွေနိုင်ဖို့ပဲ အခုလောလောဆယ် ဦးစားပေးနေပြီး ဘာကြောင့် ပျောက်ဆုံး ပျက်စီးခဲ့ရလဲ ဆိုတာကို တရားဝင် စုံစမ်းစစ်ဆေးတာတွေ မလုပ်ရသေးကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောလိုက်ပါတယ်။ ဒီ တိုင်တန် အသေးစား ရေငုပ်သင်္ဘောရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး မေးခွန်းအများအပြား ထွက်ပေါ်နေချိန်မှာ အခုလို ပြောလိုက်တာပါ။

ဘယ်လို၊ ဘာကြောင့်၊ ဘယ်အချိန်က ဒီလိုဖြစ်ခဲ့ရလဲ မေးခွန်းတွေကို သိနိုင်ဖို့ ပျက်စီးခဲ့ရမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးခွင့်က ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှာ တာဝန်ရှိမလဲ ဆိုတာ သုံးသပ်နေဆဲလို့ အမေရိကန်ကမ်းခြေစောင့်တပ်ကို ကိုးကားပြီး အေပီ သတင်းက ဆိုပါတယ်။ တိုက်တန်ကို ပိုင်ဆိုင်တဲ့ အမေရိကန်အခြေစိုက် OceanGate ရေအောက် စူးစမ်းလေ့လာရေး ကုမ္ပဏီရဲ့ ဒါရိုက်တာဟောင်း တဦး ဖြစ်သူ ကလည်း ဒီ ရေငုပ်ယာဥ်ငယ်ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံနဲ့ ပတ်သက်ပြိး ၂၀၁၈ ခုနှစ် ကတည်းက မေးခွန်းထုတ်ခဲ့ဖူးတယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

၂၂ ပေ အရှည်ရှိတဲ့ အဆင့်မြင့်နည်းပညာသုံး ကာဗွန်ဖိုက်ဘာ အမျိုးအစား ရေငုပ်သင်္ဘောငယ်ရဲ့ အဓိက အစိတ်အပိုင်း (၅) ကို တွေ့ရှိထားပြီး အဲဒီထဲမှာ သင်္ဘောအမြီးပိုင်းနဲ့ ဖိအားထိန်း ကိုယ်ထည် အပိုင်း (၂) ပိုင်း ပါဝင်ပေမယ့် လူရုပ်အလောင်းတွေ တွေ့ရခြင်း ရှိ၊ မရှိကိုတော့ ကမ်းခြေစောင့်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခဲ့တဲ့ နေရာ အနီး ပယ်လယ်ရေအောက်မှာ တိုင်တန် ဟာ ဆိုးရွားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သင်္ဘောပေါ်ပါသူ (၅) ဦးစလုံး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ကြာသပတေးနေ့မှာ အတည်ပြုခဲ့တာပါ။

တိုက်တန်ကို ပိုင်ဆိုင်တဲ့ အမေရိကန်အခြေစိုက် OceanGate ရေအောင် စူးစမ်းလေ့လာရေး ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ သင်္ဘောပေါ် ပါသွားခဲ့တဲ့ လူ (၅) ဦးမှာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Stockton Rush နဲ့ အတူ ဗြိတိန်-ပါကစ္စတန် စီးပွားရေး လုပ်ငန်းရှင် Shahzada Dawood နဲ့ သား ဖြစ်သူ Suleman Dawood၊ ဗြိတိန် စိးပွားလုပ်ငန်းရှင် စွန့်စွားသွားလာတာ ဝါသနာပါသူ Hamish Hardingနဲ့ ပြင်သစ် ပင်လယ်‌ရေအောက် ရှာဖွေ စူးစမ်းသူနဲ့ တိုက်တန်းနစ်ကျွမ်းကျင်သူ တဦး ဖြစ်သူ Paul-Henri Nergeolet တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG