သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ တောမီးကြောင့် ကန် လေထုညစ်နွမ်း


People walk along the shoreline of Lake Michigan with heavy smoke from the Canadian wildfires in the background, on June 27, 2023, in Chicago.
People walk along the shoreline of Lake Michigan with heavy smoke from the Canadian wildfires in the background, on June 27, 2023, in Chicago.

ကနေဒါ တောမီးကြောင့် ကန် လေထုညစ်နွမ်း


အမေရိကန်ပြည်ထောင်စုရဲ့ သုံးပုံတပုံနီးပါးဟာ လေထုအရည်အသွေး ညံ့ဖျင်းတဲ့ဒဏ်ကို ကြာသပတေးနေ့မှာ ကြုံတွေ့ရဖွယ် ရှိပါတယ်။ အိမ်နီးချင်း ကနေဒါနိုင်ငံမှာ ကာလကြာရှည် လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အနောက်အလယ်ပိုင်းနဲ့ အရှေ့ဘက်ခြမ်းတလျှောက် ကောင်းကင်ယံမှာ မီးခိုးငွေ့တွေပြည့်နေလို့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေထုအခြေအနေ ဖြစ်နေပြီး တချို့နေရာတွေမှာဆိုရင် အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်နေတာပါ။

Wisconsin ၊ Michigan နဲ့ မြောက်ပိုင်း Illinois ၊ တခါ အ‌ရှေ့ဘက်ကမ်းခြေ နယူးယောက်ပြည်နယ်တွေမှာ လေထုအရည်အသွေး သတိပေးချက်တွေကို ညသန်းခေါင်အထိ ထုန်ပြန်ထားကြောင်း အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။

အဲဒီမှာ နေထိုင်ကြသူ လူ သန်း ၁၀၀ ကျော်ကို အပြင်ထွက်တာတွေ မလုပ်ဖို့နဲ့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ခံစားရရင် နှာခေါင်းစည်းတွေ ဝတ်ဆင်ကြဖို့ အကြုံပြုထားပါတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေလျှော့ချတာ ဒါမှမဟုတ် လုံးဝရှောင်ကြဉ်ဖို့လည်း အကြံပြုထားပါတယ်။

New York, Chicago နဲ့ Philadelphia လို မြို့ကြီးတွေမှာ ထိုင်းမိုင်းနေတဲ့ ကောင်းကင်ယံကိုသာ မြင်နိုင်ပြီး တနေ့တာလုံး မီးလောင်တဲ့ အနံ့တွေကို ရှုရှိုက်နေရလို့ ပန်းနာရင်ကျပ်လိုလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာရှိသူတွေအနေနဲ့ အပြင်ထွက်ချိန်ကို လျှော့ချပါ" လို့ နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ် (Eric Adams) က တွစ်တာ လူမှုကွန်ရက်ကတဆင့် သတိပေးထားပါတယ်။

ကနေဒါနိုင်ငံမှာ ဧရိယာ ဧက ၁၉.၈ သန်းလောက်မှာ မီးလောင်ကျွမ်းခဲ့ပြီး ဗုဒ္ဓဟူးနေ့ကအထိ တောမီးလောင်ကျွမ်းနေတဲ့ နေရာ ၊ ၄၇၇ ခု အထိရှိနေပြီး အဲဒီထဲက ထက်ဝက်လောက်ဟာ ထိန်းချုပ်မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ပစိဖိတ်သမုဒ္ဒရာကနေ အတ္တလန်တိတ် ကမ်းရိုးတန်းအထိ ပျံ့နှံ့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG