သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကို FIFA တာဝန်က ရပ်ဆိုင်း


This picture taken on August 20, 2023 shows President of the Royal Spanish Football Federation Luis Rubiales carrying Spain's Athenea del Castillo Beivide on his shoulder as they celebrate winning the Australia and New Zealand 2023 Women's World Cup final

အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန် ဗိုလ်စွဲပြီးနောက်မှာ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Luis Rubiales (လူးဝစ် ရူဘီအယ်လက်စ်)က အသင်းသူ ဂျက်နီဖာဟာ မိုဆာရဲ့ နှုတ်ခမ်းကို အတင်းအကျပ် နမ်းရှုံ့ခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေချိန် အတွင်း သူ့ကို ဘောလုံးပြိုင်ပွဲနဲ့ ဆက်စပ်တဲ့ အလုပ်တာဝန်တွေအားလုံးကို ရပ်ဆိုင်းထားကြောင်း သြဂုတ် ၂၆ ရက် စနေနေ့ ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် FIFA ဖီဖာ က ကြေညာလိုက်ပါတယ်။

စပိန်ပြည်တွင်းနဲ့ နိုင်ငံတကာ ဘောလုံး အလုပ်တာဝန်တွေက အခုလို ဆိုင်းငံ့လိုက်တဲ့ အရေးယူမှုက ချက်ချင်း သက်ရောက်မှာဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီအကြီးအကဲ Jorge Ivan Palacio (ဂျော့ချ် အိုင်ဗန် ပလာစီယို)က သတင်းထုတ်ပြန်ပါတယ်။

ဖီဖာ က Rubiales (ရူဘီအယ်လက်စ်)ကို ကြာသပတေးနေ့က စပြီး စည်းကမ်းပိုင်းဆိုင်ရာ အရေးယူ စုံစမ်းမှုတွေ စတင်ခဲ့တာ ဖြစ်ပြီး ရူဘီအယ်လက်စ် ဘက်ကတော့ “သူ လုံးဝ အပြစ်ကင်းကြောင်း” သက်သေပြနိုင်ဖို့ မိမိကိုယ်ကို ခုခံကာကွယ်သွားမယ်လို့ ပြောထားပါတယ်။

အသက် ၄၆နှစ်အရွယ် Rubiales (ရူဘီအယ်လက်စ်) က ဒီလို နမ်းရှုံ့ခဲ့တာကို ဟာမိုဆာ ဘက်က ကြည်ဖြူတယ်လို့ ငြင်းချက်ထုတ်ထားပေမယ့် ဟာမိုဆာ ကိုယ်တိုင်နဲ့ သူ့ရဲ့ အသင်းဖော်တွေ ၊ စပိန်အစိုးရတို့ကတော့ ဒါက ကာယကံရှင်က မလိုလားဘဲ လုပ်ခဲ့တာလို့ ပြစ်တင်နေကြတာပါ။

သောကြာနေ့ကတော့ စပိန်တော်ဝင် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်ပေးဖို့ (ရူဘီအယ်လက်စ်) ငြင်းဆို ထားပါတယ်။ သူ့ရဲ့ စပိန်တော်ဝင်ဘောလုံး အဖွဲ့ချုပ်ကလည်း သူ့ဘက်က ရပ်တည်မှာဖြစ်ကြောင်း စနေနေ့မှာပဲ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG