သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘယ်လ်လာရုစ်မှာ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်

Sergei Aleinik, Belarus FM(Right) held negotiations with Than Swe (Left), Deputy PM of Myanmar Military Govt. (Photo Belarus MOFA)
Sergei Aleinik, Belarus FM(Right) held negotiations with Than Swe (Left), Deputy PM of Myanmar Military Govt. (Photo Belarus MOFA)

ဘယ်လ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး ဆာဂေး အေလင်နစ် (Sergei Aleinik)ဟာ စက်တင်ဘာ ၁၅ ရက်သောကြာနေ့မှာ မြန်မာစစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဦးသန်းဆွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ဘယ်လ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး အဖွ့ဲရဲ့ ပြောကြားချက်ကို ဘယ်လ်လာရုစ် အစိုးရသတင်းဌာန Bel TA မှာ ဖေါ်ပြထားပါတယ်။

ဒုတိယဝန်ကြီးချုပ် ဦးသန်းဆွေဟာ ဘယ်လ်လာရုစ်နိုင်ငံမှာ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်ဖို့ Minsk မြို့တော်ကို ရောက်ရှိနေတာပါ။ အခုလို မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်တာကို ဘယ်လ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုလိုက်ပြီး မြန်မာသံတမန်တွေ ရှိလာတဲ့အတွက် ဘယ်လ်လာရုစ်ရဲ့ ကုန်သွယ်ရေး၊ စီးပွါးရေး၊ သိပ္ပံဆိုင်ရာနဲ့ ပညာရေးကဏ္ဍတွေကို မြန်မာမိတ်ဆွေတွေ အနီးကပ် လေ့လာရာမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဦးသန်းဆွေဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်ပါတယ်။

Sergei Aleinik နဲ့ ဦးသန်းဆွေတို့ဟာ စီးပွါးရေး၊ သိပ္ပံ၊ နည်းပညာ၊ ပညာရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာတွေမှာ ဘယ်လ်လာရုစ်-မြန်မာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တာဖြစ်ပြီး အထူးသဖြင့် ခေတ်မီ စိုက်ပျိုးရေးဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အလေးထားဆွေးနွေးခဲ့ကြတာပါ။

စားနပ်ရိက္ခာဖူလုံရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေနဲ့ အောင်မြင်မှုတွေကို ဘယ်လ်လာရုစ်ဘက်က မျှဝေဖို့ အသင့်ရှိကြောင်း ဘယ်လ်လာရုစ်က အလေးထားပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့အရေးနဲ့ ဒေသအရေး ကိစ္စတွေအပြင် နိုင်ငံတကာအဖွဲ့အစည်း တွေ လိုက်နာရမယ့် မူဘောင်အတွင်းက ဘယ်လာရုစ်နဲ့ မြန်မာ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဘယ်လ်လာရုစ်မှာ မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG