သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသခံတွေ ပြောပြတဲ့ ဘုရားသုံးဆူမြို့ နောက်ဆုံးအခြေနေ


ဘုရားသုံးဆူ နယ်စပ်မြို့ (Photo: C J)
ဘုရားသုံးဆူ နယ်စပ်မြို့ (Photo: C J)


ဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရပြီးကတည်းက တိုင်းရင်းသား လက်နက်ကိုင်တွေ လုံခြုံရေးယူနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ KNU က အုပ်ချုပ်ရေး စတင်နေပြီလို့ ကြေညာခဲ့တဲ့နောက်မှာမှ အဲဒီမှာ တခုထဲကျန်နေတဲ့ မြန်မာစစ်တပ် တပ်စခန်းက စက်တင်ဘာ ၂၁ ရက်ကြာသပတေးနေ့မှာ မြို့လူစည်ကားရာ နေရာတွေကို စထွက်လာခဲ့ပြီး စစ်ဆေးရေးတွေ လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြမှာပါ။


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ KNU ရဲ့ အုပ်ချုပ်ရေး စတင်နေပြီလို့ ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောဆိုခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်က မြို့လယ်ခေါင် လူစည်ကားရာ နေရာတွေမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်တွေချပြီး စစ်ဆေးမှုတွေ လုပ်လာတယ်လို့ ေဒသခံတဦးက ပြောပါတယ်။

" အခုဆိုရင် ကရင်က ကြေငြာပြီးတဲ့ နောက်နေ့ကစပြီး စစ်တပ်က အပြင်ကို ထွက်လာတယ်လေ။ စစ်တပ်က အပြင်မထွက်တာ ၂ လ ကျော် ၃ လလောက်ရှိပြီ။ အခုမှ ကေအန်ယူက အုပ်ချုပ်ရေးလုပ်တယ်လို့ ေကြာငြာပြီးတဲ့နောက်မှပဲ ထွက်လာတယ်၊ လမ်းဆုံလမ်းခွမှာ လိုက်စစ်ဆေးတယ် အခုလောလောဆယ် ညနေပိုင်းမှာတော့ တပ်ဖဲွ့လိုက်ုထိုင်နေပြီး ချက်ပွိုင့်မှာ တစုတည်း ထိုင်နေတယ် တပ်ထဲကို ပြန်မဝင်သေးဘူး၊ မနက်ပိုင်းမှာ ဆိုင်ကယ်ကားတွေ လိုက်စစ်ဆေးတယ်၊ မနက်က နာရီစင်ရှေ့မှာ တခါလုပ်တယ် မြို့နယ်စျေးရှေ့မှာ တခါလုပ်တယ်။ ညနေပိုင်းမှာတော့ ချက်ပွိုင့် ထိုင်းမြန်မာ နယ်စပ်ဂိတ်မှာ စပြီး နေနေကြတယ်။ "

ဘုရားသုံးဆူမြို့က ဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ KNU ကရင်အမျိုးသားအစည်းအရုံးက အုပ်ချုပ်ရေး၊ တရားစီရင်ရေး ပညာသင်ကြားရေး စတဲ့ လုပ်ငန်းတချို့ စတင်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

" ဘုရားသုံးဆူ ဒေသမှာတော့ တာဝန်ကျတဲ့ အစိုးရဝန်ထမ်းတွေက မရှိသလောက်ဖြစ်နေပြီ၊ ရုံးတွေကလည်း မရှိကြတော့ဘူး၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖဲွ့တွေ ကေအန်ယူတို့ ဝင်တိုက်ပြီးကတည်းက စရဖရုံးတို ့မှတ်ပုံတင်ရုံးတို ့ထွေအုပ်ရုံးတို့က မရှိကြတော့ဘူး၊ သုံးဆူတခွင် မြို လုံခြုံရေးတွေက EAO တွေပဲ လုံခြုံရေးတွေ ယူထားကြတာ။ လက်ရှိကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ BGF DKBA တို ့ကေအန်ယူတို့က လုံခြုံရေးတွေ လုပ်ဆောင်နေတယ် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက မရှိတော့ အမှုကိစ္စတွေ ဖြစ်လို့ရှိရင် ကေအန်ယူကပဲဖြေရှင်းပေးနေတယ်ပေါ့။ "

ဘုရားသုံးဆူမြို့ထဲမှာ စစ်ကောင်စီရဲ့ တပ်စခန်းတခုသာ ကျန်နေပေမယ့် မြို့ကို KNU တပ်မဟာ(၆)က ဆက်လက် ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်း‌တွေကိုလည်း စတင်ဆောင်ရွက်နေပြီလို ့ကေအန်ယူက ပြောရေးဆိုခွင့်ရှိသူ ဖဒို စောတောနီးက ကရင်သတင်းဌာန KIC ကို ဒီရက်ပိုင်းမှာပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အလားတူ ကေအန်ယူတပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်ထဲမှာလည်း စစ်ကောင်စီရဲ့ ဌာဆိုင်ရာတွေ ဆက်ပြီး လုပ်ငန်းတွေ မလည်ပတ်နိုင်တော့အတွက် ကရင်အမျိုးသားအစည်းအရုံးက နေရာအတော်များများကို ထိန်းချုပ်ထားနိုင်တယ်လို့ ကေအန်ယူ တပ်မဟာ(၅)ဘက်ကလည်း ပြောဆိုထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG