သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဩဇာညောင်းတဲ့ အထက်လွှတ်တော်အမတ် Feinstein ကွယ်လွန် 


လွှတ်တော်ကြားနာပွဲတခုအတွင်း စစ်ဆေးမေးမြန်းနေတဲ့ Democratic ပါတီအထက်လွှတ်တော်အမတ် Dianne Feinstein ကိုတွေ့ရစဉ် (မေ ၁၊ ၂၀၁၉)
လွှတ်တော်ကြားနာပွဲတခုအတွင်း စစ်ဆေးမေးမြန်းနေတဲ့ Democratic ပါတီအထက်လွှတ်တော်အမတ် Dianne Feinstein ကိုတွေ့ရစဉ် (မေ ၁၊ ၂၀၁၉)

အမေရိကန်နိုင်ငံရေးလောကမှာ လူသိများပြီး လေးစားခံရတဲ့ Democratic ပါတီအထက်လွှတ်တော်အမတ် Dianne Feinstein အသက် ၉၀ မှာ ကွယ်လွန်သွားပါတယ်။ California ပြည်နယ်အထက်လွှတ်တော်အမတ်အဖြစ် နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ Dianne Feinstein ဟာ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌအဖြစ် အမျိုးသမီးလွှတ်တော်အမတ်တွေထဲမှာ ပထမဆုံး တာဝန်ယူခဲ့သူဖြစ်ပါတယ်။

မနေ့ ကြာသပတေးနေ့ (စက်တင်ဘာ ၂၈) အထိ လွှတ်တော်ထဲမှာ မဲခွဲတာလို့ လွှတ်တော်တာဝန်တွေကို သူထမ်းဆောင်ခဲ့ပါတယ်။ သူဟာ အထက်လွှတ်တော်မှာ သက်တမ်းအရှည်ဆုံး အထက်လွှတ်တော်အမတ်ဖြစ်သလို၊ California ပြည်နယ်က လွှတ်တော်အမတ်သက်တမ်းအရှည်ဆုံး Democratic ပါတီ ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ သေနတ်ထိန်းချုပ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလို ကိစ္စတွေကို လွှတ်တော်ထဲမှာ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

သူဟာ မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံတဲ့ အမေရိကန် လွှတ်တော်အမတ်တယောက်ဖြစ်သလို ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပေါ် စစ်တပ်ရဲ့ဖိနှိပ်မှုတွေကို လူသိရှင်ကြား ဝေဖန်ခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ သူဟာ လက်ရှိလွှတ်တော်သက်တမ်းပြီးဆုံးမယ့် ၂၀၂၄ ခုနှစ်မှာ အငြိမ်းစားယူမယ်လို့ ဖေဖော်ဝါရီလတုန်းကပဲ ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG