သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် ကျန်းမာရေး လုပ်ငန်းတွေအတွက် ဘတ် ၃ သန်းခွဲကျော် ထိုင်းအစိုးရလှူဒါန်း

ကရင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း
ကရင်ပြည်နယ်ထဲက ဒုက္ခသည်စခန်း

ထိုင်း−မြန်မာနယ်စပ်တလျှောက် အများပြည်သူဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၁ သိန်းနဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၃.၆ သန်းကို ထိုင်းအစိုးရက ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ကို ပြီးခဲ့တဲ့ သောကြာနေ့က ပေးအပ် လှူဒါန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ UNICEF ရဲ့ လူသားခြင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ အသုံးပြုဖို့ ပေးအပ်တာဖြစ်ပြီး၊ ထိုင်း ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Parnpre Bahiddha Nukara က ထိုင်းနိုင်ငံဆိုင်ရာ UNICEF ကိုယ်စားလှယ် Kyungsun Kim ကိုပေးအပ်ခဲ့ပါတယ်။

ဒီပေးအပ်ပွဲ အခမ်းအနားကို ဘန်ကောက်မြို့တော်မှာ ပြုလုပ်ခဲ့ပြီး ထိုင်းအစိုးရနဲ့ UNICEF တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအလှူငွေတွေကို ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ကရင်နဲ့ ကရင်နီဒေသတွေမှာ ရှိတဲ့ကလေးတွေ အတွက် ကာကွယ်ဆေးထိုးတာ၊ ရေနဲ့ တကိုယ်သန့်ရှင်းရေးနဲ့ အဟာရ အစီအစဉ်တွေမှာ အသုံးပြုမှာဖြစ်တယ်လို့ UNICEF ကိုယ်စားလှယ် Kyungsun ကပြောပါတယ်။

အခုလို ထိုင်းအစိုးရက လှူဒါန်းတာဟာ ကုလသမဂ္ဂရဲ့ အစီစဉ်တွေကို ထောက်ခံအားပေးရာ ရောက်သလို၊ မြန်မာနိုင်ငံကို လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် ထိုင်းအစိုးရရဲ့ ကူညီထောက်ပံ့လိုမှုကို ပြသရာလည်း ရောက်တယ်လို့ Kyungsun က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG