သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ် တိုက်ခိုက်မှုကြောင့် အစ္စရေးလ်မှာ သေဆုံးသူတွေထဲ တရုတ်နိုင်ငံသား ၃ ဦးပါဝင်


ဟာမက်စ်စစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်မှုအတွင်း ဒေသခံတွေရှောင်ပြေးကြရ (အောက်တိုဘာ၊ ၂၀၂၃)
ဟာမက်စ်စစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်မှုအတွင်း ဒေသခံတွေရှောင်ပြေးကြရ (အောက်တိုဘာ၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသမှာ Hamas စစ်သွေးကြွအဖွဲ့ရဲ့ ပြီးခဲ့တဲ့ စနေနေ့က တိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသား ၃ ယောက်သေဆုံးခဲ့တယ်လို့ တရုတ်အစိုးရက ဒီနေ့ အတည်ပြု ပြောကြားပါတယ်။ နောက်ထပ် တရုတ်နိုင်ငံသား ၂ ယောက် ပျောက်ဆုံးနေသလို တော်တော်များများလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသထဲက ပါလက်စတိုင်း အစ္စရေးနယ်စပ်ကနေ Hamas စစ်သွေးကြွတွေ နည်းမျိုးစုံနဲ့ အစ္စရေးမြို့တွေထဲကို ဝင်ရောက်ပြီး အမြောက်အများကို ပစ်ခတ် သတ်ဖြတ်ခဲ့သလို ၁၅၀ ထက်မနည်းကို ဓါးစာခံတွေအဖြစ် ခေါ်ဆောင်သွားခဲ့ကြတယ်။ Hamas တွေရဲ့တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ သွားရောက်အလုပ်လုပ်နေတဲ့ အာရှတိုက်သားတချို့ သေဆုံးခဲ့ပါတယ်။ အစ္စရေးနိုင်ငံထဲမှာ အလုပ်လုပ်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃ သောင်းကျော်ရှိပြီး အများစုက ကျန်းမာရေးကဏ္ဍမှာ လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

နေရပ်ပြန်လာချင်တဲ့ ဖိလစ်ပိုင်လူမျိုးတွေအတွက် အစီအစဉ်တွေ လုပ်ပေးနေတဲ့ တချိန်ထဲမှာ ဖိလစ်ပိုင်ကနေ အစ္စရေးကိုသွားတဲ့ ခရီးစဉ်အားလုံးကို အကန့်အသတ်မရှိ ဆိုင်းထားဖို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG