သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းထောက်ခံတဲ့အဖွဲ့တွေ ဆန္ဒပြ 


အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်ခေါင်က Time Square မှာ ပါလက်စတိုင်းတွေကို ထောက်ခံသူ ထောင်နဲ့ချီ ဆန္ဒဖော်ထုတ်ခဲ့ကြ (အောက်တိုဘာ ၁၄၊ ၂၀၂၃)
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်ခေါင်က Time Square မှာ ပါလက်စတိုင်းတွေကို ထောက်ခံသူ ထောင်နဲ့ချီ ဆန္ဒဖော်ထုတ်ခဲ့ကြ (အောက်တိုဘာ ၁၄၊ ၂၀၂၃)

အရှေ့အလယ်ပိုင်းဒေသ အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ် အဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပေါ်နေချိန်မှာဘဲ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်ခေါင်က Time Square မှာ ပါလက်စတိုင်းတွေကို ထောက်ခံသူ ထောင်နဲ့ချီ သောကြာနေ့က ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။

“အစ္စရေးက ဂါဇာကို ဆင်ခြင်တုံတရားမဲ့စွာ ဗုံးကျဲပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခြင်းခံနေရတဲ့ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေနဲ့အတူ နယူးယောက်မြို့သားတွေက အတူရပ်တည်နေပါတယ်။ အစ္စရေးဟာ ဓါတုလက်နက်တွေသုံးပြီး တိုက်ခိုက်နေတဲ့အပြင် ဂါဇာဒေသကို ရိက္ခာနဲ့ လောင်စာဆီတွေ တင်သွင်းမရအောင် အစ္စရေးက ပိတ်ပင်ထားပါတယ်” - လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ပြောသွားတာပါ။

New York မြို့မှာ ပါလက်စတိုင်းကို ထောက်ခံသူတွေ ဆန္ဒဖော်ထုတ်နေကြတဲ့ တချိန်ထဲမှာဘဲ အစ္စရေးကို ထောက်ခံသူတွေကလည်း တန်ပြန် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာကြောင့် မွတ်ဆလင်နဲ့ ဂျူးလူမျိုး အသိုင်းအဝိုင်းတွေအကြား ထိပ်တိုက် ထိတွေ့မှုတွေမဖြစ်အောင် ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတွေတင်းကြပ်စွာချထားပြီး အခြေအနေတွေကို ထိန်းသိမ်းပေးနေပါတယ်။

ပါလက်စတိုင်းလူမျိုးတွေကို ထောက်ခံဆန္ဒပြသူတွေက လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပြုဖို့နဲ့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကို ဝေဖန် ပုတ်ခတ်တဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။ Hamas စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ ဂါဇာဒေသမှာ ပါလက်စတိုင်းနဲ့ အစ္စရေးတို့ကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ပြီး အခြေအနေ တင်းမာနေတာကြောင့် နယူးယောက်မြို့မှာသာမက အမေရိကန်တဝန်းက ဗလီတွေနဲ့ ဂျူးဘာသာရေးအဆောက်အဦးတွေမှာ လုံခြုံရေးတွေကို တိုးမြင့် ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG