သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU အကြီးအကဲနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell
EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell

အီးယူ ဥရောပသမဂ္ဂအနေနဲ့ ပထဝီနိုင်ငံရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တရုတ်နိုင်ငံကို အလေးနက်ထား ဆက်ဆံသလို တရုတ်ဘက်ကလည်း အလားတူ တန်ပြန်ဆက်ဆံဖို့ မျှော်လင့်ကြောင်း ဘေဂျင်းမြို့မှာ တရုတ်အရာရှိတွေနဲ့ တွေ့ဆုံစဉ် ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ အီးယူ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell က ဒီကနေ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြောပါတယ်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တွေ့တဲ့ကိစ္စကို ဦးစွာ ပြောရမယ်ဆိုရင် - အီးယူနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးဟာ အရမ်း အရေးကြီးပါတယ်၊ တရုတ်နိုင်ငံကို အီးယူက အလေးအနက်ထား ဆက်ဆံသလိုဘဲ တရုတ်ဘက်ကလည်း အလားတူ တန်ပြန် ဆက်ဆံတာကို ကျနော်တို့ လိုလားပါတယ်၊ တခြားနိုင်ငံတွေနဲ့ ဆက်ဆံတဲ့ပုံစံမျိုး ကျနော်တို့ကို ဆက်ဆံမှာကို မလိုလားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယူကရိန်းစစ်ပွဲ စဖြစ်ကတည်းက ဥရောပတိုက်ဟာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ဒေသတခု ဖြစ်လာလို့ပါ” - လို့ သူ့ရဲ့ ၃ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်အဆုံးမသတ်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Josep Borrell က ပြောပါတယ်။

တရုတ်အရာရှိတွေနဲ့ တွေ့ဆုံစဉ်အတွင်း အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်အဖွဲ့အကြား လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခအပြင် ဥရောပတိုက်ကို တရုတ်လျှပ်စစ်ကားတွေ အမြောက်အများ တင်သွင်းတဲ့ကိစ္စအပေါ် အီးယူက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အကြောင်းအရာတွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ Josep Borrell က ပြောပါတယ်။

EU အကြီးအကဲနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG