သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုက္ခသည်တွေ နေရပ်ပြန်ပို့တဲ့အပေါ် တရုတ်ဝေဖန်ခံရ


ရာလူမြစ်ကိုဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံ ဒန်ဒေါင်းနဲ့ နဲ့ တရုတ်နိုင်ငံလီယာနိမ်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတားပေါ်မှာ သွားလာနေကြသူများ။ (စက်တင်ဘာ ၉၊ ၂၀၁၇)
ရာလူမြစ်ကိုဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံ ဒန်ဒေါင်းနဲ့ နဲ့ တရုတ်နိုင်ငံလီယာနိမ်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတားပေါ်မှာ သွားလာနေကြသူများ။ (စက်တင်ဘာ ၉၊ ၂၀၁၇)

မြောက်ကိုရီးယားဘက်က ခိုလှုံလာသူ ၅၀၀ ကျော်ကို တရုတ်က အတင်းအကြပ်ပြန်ပို့ခဲ့တယ်ဆိုတဲ့သတင်းအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေက တရုတ်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

သူတို့ကို တရုတ်နိုင်ငံကနေ တရုတ်-မြောက်ကိုရီးယားနယ်စပ်ဖြတ်ပြီး အခု သီတင်းပတ်အစောပိုင်းက ပြန်ပို့ခဲ့တာလို့ မြောက်ကိုရီးယားဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ တောင်ကိုရီးယားလူ့အခွင့်အရေးအဖွဲ့အတော်များများက ပြောပါတယ်။ တရုတ်နိုင်ငံ Hangzhou မှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၂ ခုနှစ် အာရှအားကစားပြိုင်ပွဲအပြီး သိပ်မကြာခင်မှာပဲ ပြန်ပို့လိုက်တာလို့ ဆိုပါတယ်။

နယ်စပ်တလျှောက် ကိုဗစ် 19 တင်းကြပ်မှုတွေကို မြောက်ကိုရီးယားဘက်က ဖြေလျှော့ပေးခဲ့တဲ့နောက်ပိုင်း တရုတ်က အခုလို မြောက်ကိုရီးယားနိုင်ငံသားအမြောက်အများ နယ်စပ်ကတဆင့် ပြန်ပို့လိုက်တာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ကပ်ဘေးမတိုင်ခင်ကတော့ မြောက်ကိုရီယားဘက်က ဝင်လာသူတွေကို တရုတ်က ပုံမှန်ပြန်ပို့လေ့ရှိတာပါ။ အခုလို မြောက်ကိုရီးယားအများအပြားကို နေရပ်ပြန်ပို့တယ်ဆိုတဲ့ သတင်းအပေါ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အတည်မပြုပါဘူး။

ဒါပေမယ့်လည်း အခုလို မြောက်ကိုရီးယားက ခိုးဝင်လာသူတွေဟာ စီးပွားရေးအရ ရွှေ့ပြောင်းလာသူတွေဖြစ်တယ်လို့ တရုတ်ဘက်က အကြောင်းပြပြောဆိုလေ့ရှိပါတယ်။ဒါကြောင့် တရုတ်နိုင်ငံတွင်း ဝင်ရောက်လာသူတွေထဲ ခိုလှုံဘက်ပြောင်းလာသူတွေဆိုတာ မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG