သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် လောင်စာဆီဈေးတက်နိုင် 

အီရန် လောင်စာဆီတင်သင်္ဘော (ယခင်ပုံဟောင်း)
အီရန် လောင်စာဆီတင်သင်္ဘော (ယခင်ပုံဟောင်း)

လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာဖြစ်နေတဲ့ တင်းမာမှုကြောင့် ကမ္ဘာတဝန်း ရေနံဖြန့်ဖြူးမှု ထိခိုက်နိုင်ပြီး ဈေးတက်နိုင်တယ်လို့ ပြင်သစ်အခြေစိုက် နိုင်ငံတကာ စွမ်းအင်အေဂျင်စီ IEA ကသတိပေးလိုက်ပါတယ်။ ဒါပေမဲ့ အရင်သမိုင်းမှာဖြစ်ခဲ့သလို မတန်တဆဈေးတက်တာမျိုး ဓါတ်ဆီဆိုင်တွေမှာ တန်းအရှည်ကြီး စောင့်ဆိုင်းရတာမျိုးတော့ ဖြစ်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၅၀ အကြာ ၁၉၇၃ ခုနှစ်တုန်းက အစ္စရေးစစ်တပ်အတွက် အမေရိကန်က လက်နက်တွေ ပြန်လည်ထောက်ပံ့တာကို သပိတ်မှောက်တဲ့အနေနဲ့ ရေနံထုတ်လုပ်တင်ပို့တဲ့ OPEC အဖွဲ့ဝင် အာရပ်နိုင်ငံတွေက အမေရိကန်ကို ရေနံတင်ပို့မှု ယာယီရပ်ဆိုင်းခဲ့တာကြောင့် လောင်စာဆီဈေးတွေ အဆမတန်တက်ခဲ့ပြီး ကမ္ဘာတဝန်း စွမ်းအင်ပြဿနာပေါ်ခဲ့ပါတယ်။ အခုလည်း Saudi Arabia နဲ့ Russia နိုင်ငံတို့က ရေနံထုတ်လုပ်မှု လျော့ချထားလို့ အရင်ထဲက ဈေးကွက်မှာ လိုအပ်ချက်အလျင်မှီအောင် လုပ်နေရတဲ့အပြင် တရုတ်နိုင်ငံက ဝယ်လိုအား ပိုများလာနိုင်တဲ့ အခြေအနေမှာ အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြားဖြစ်နေတဲ့ စစ်ပွဲကြောင့် ရေနံဈေးကွက်မှာ မတည်မငြိမ် ဆက်ဖြစ်နိုင်ပြီး ပဋိပက္ခကြောင့် ဈေးတွေတက်နိုင်တယ်လို့ IEA အကြီးအကဲ Fatih Birol ကပြောပါတယ်။

ရေနံနဲ့တခြားလောင်စာဆီတွေ တင်သွင်းနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ရေနံဈေးတက်မှုကို အဆိုးဆုံးခံရနိုင်တယ်လို့ သူက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာဈေးကွက်မှာ Brent ရေနံစိမ်းဈေးဟာလည်း အစ္စရေး-ဟာမတ် ပဋိပက္ခမစခင်တရက်အလို အောက်တိုဘာ ၆ ရက်နေ့က တစည်ကို ၈၅ ဒေါ်လာရှိခဲ့ရာက အောက်တိုဘာ ၁၉ ရက် ကြာသပတေးနေ့က ၉၁ ဒေါ်လာအထိ ဈေးတက်သွားပါတယ်။ ဒီကြားထဲ တချို့ရက်တွေမှာ Brent ရေနံစိမ်းတစည်ကို ၉၆ ဒေါ်လာအထိ ဈေးတက်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် လောင်စာဆီဈေးတက်နိုင် 
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG