သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေးဖြေရှင်းဖို့ ကုလလုံခြုံရေးကောင်စီအဖြေမထုတ်နိုင်သေး


ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ကုလသမဂ္ဂလုံခြုံရေးကာင်စီရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးစဥ်။ (အောက်တိုဘာ ၁၈၊ ၂၀၂၃)
ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ကုလသမဂ္ဂလုံခြုံရေးကာင်စီရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးစဥ်။ (အောက်တိုဘာ ၁၈၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း အရပ်သားတွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်တိုးများနေပေမဲ့ အဲဒီသူတွေ ဆီ အကူအညီပို့နိုင်မယ့်အရေးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့အထိ အပိတ်အဆို့တွေ နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

“သေတာ၊ ဒုက္ခကြုံရတာ၊ ပျက်ဆီးတာ၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာတွေကို ပိုလွန်ပြောလို့ မရနိုင်ပါဘူး။” လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရုံး အကြီးကဲ မာတင် ဂရစ်ဖစ် (Martin Griffiths) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးအပေါ် အစည်းအဝေးကို အီဂျစ်ကနေ တက်ရောက် ပြောကြားပါတယ်။ ဖမ်းဆီးထားသူတွေကို လွှတ်ပေးပြီး ဂါဇာက ပြည်သူတွေအတွက် အကူအညီတွေ အချုပ်အခြယ်မဲ့ ပို့နိုင်အောင်၊ လူသားချင်းစာနာထောက်ထားရေး အပစ်အခတ်ရပ်စဲရေး ကို ချက်ချင်းလုပ်ဖို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အင်တိုနီယို ဂူတားရက်စ်ရဲ့ မေတ္တာရပ်ခံချက်ကိုလည်း သူက ထပ်မံ ပဲ့တင်ထပ်ပြောသွားခဲ့ပါတယ်။

ဂူးတားရက်စ်ဟာ ကိုင်ရိုကို ကြာသပတေးနေ့ မှာ ရောက်လာမှာပါ။ အီဂျစ်ကနေ ဂါဇာကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေသွားနိုင်ဖို့ အစ္စရေးက သဘောတူခဲ့တယ်လို့ အမေရိကန်သမ္မတဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က အစ္စရေးနိုင်ငံ တယ်အဗစ်မြို့မှာ ပြောခဲ့ပါတယ်။

အီဂျစ်သမ္မတကလည်း ဂါဇာကိုသွားမယ့် ထရပ်ကားအစင်း ၂၀ အတွက် နယ်စပ်ကိုဖွင့်ပေးဖို့ သဘောတူလိုက်တယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ဆိုပါတယ်။ ဒါပေမဲ့ ဒီ အကူအညီတွေကို အစ္စရေးက စစ်ဆေးမှာဖြစ်ပြီး ဟားမတ်စ်ဆီကို မရောက်ရှိစေရ လို့ သတ်မှတ်သဘောတူခဲ့တာပါ။

XS
SM
MD
LG