သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ ပစ်မှတ်တွေကို အစ္စရေး လေကြောင်းက ဆက်လက်တိုက်ခိုက်

အစ္စရေးတိုက်ခိုက်မှုကြောင့် မြင်ရတဲ့ ဂါဇာဒေသအပျက်အစီးများ (အောက်တိုဘာ ၂၃၊ ၂၀၂၃)
အစ္စရေးတိုက်ခိုက်မှုကြောင့် မြင်ရတဲ့ ဂါဇာဒေသအပျက်အစီးများ (အောက်တိုဘာ ၂၃၊ ၂၀၂၃)

လူသားချင်း စာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုဖို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေ စဉ်းစားနေချိန်မှာပဲ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြှောင်ဒေသကို ဒီကနေ့လည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးကို တင့်ကားဖျက်ဒုံးတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်ဖို့ ပြင်ဆင်နေတယ်လို့ အစ္စရေးလ်စစ်တပ်ကပြောတဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာ ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့တာပါ။

EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell ကတော့ ဂါဇာကမ်းမြှောင်ဒေသက လူတွေကို ထောက်ပံ့ကူညီဖို့အတွက် ပဋိပက္ခတွေကို ရပ်တန့်ဖို့ လိုအပ်တယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ ဒုတိယအကြိမ် အကူအညီပေးရေး ယာဉ်တန်းကို ရာဖာနယ်စပ်ကို ဖြတ်ကျော်ခွင့် ပြုလိုက်ပြီးနောက် တရက်အကြာမှာပဲ အခုလိုမှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာပါ။

ပထမဆုံးနေ့ကတော့ ကုန်တင်ကား ၂၀ ဝင်ရောက်ခဲ့ပြီး၊ မနေ့ကတော့ နောက်ထပ်၂၀ ကျော် ဝင်ရောက်ခဲ့ကြောင်းနဲ့ စစ်ပွဲမဖြစ်ခင်ကတော့ ဂါဇာကို နေ့စဉ် ကုန်တင်ကားစီးရေ ၁၀၀ ဝင်နေကြဖြစ်တဲ့အတွက် ၂၀ လောက်နဲ့တော့ မလုံလောက်ဘူးဆိုတာ ရှင်းပါတယ်လို့လည်း EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးလ်မှာ လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့တာပါ။ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနကတော့ ဂါဇာမှာ သေဆုံးသူအနည်းဆုံး ၄,၆၅၁ ဦးအထိ ရှိလာခဲ့ပြီး၊ ၁၄,၂၅၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ဂါဇာဒေသ ပစ်မှတ်တွေကို အစ္စရေး လေကြောင်းက ဆက်လက်တိုက်ခိုက်
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG