သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ၊ ဆီးရီးယားနဲ့ လက်ဘနွန်နယ်စပ် အစ္စရေး လေကြောင်းကတိုက်ခိုက်

လေကြောင်းတိုက်ခိုက်မှုကြောင့်ပြိုကျခဲ့တဲ့ဂါဇာဒေသအပျက်အစီးပုံအောက်က ကလေးငယ်ဦးကို သယ်ထုတ်လာစဥ်၊ အောက်တိုဘာ ၂၁၊ ၂၀၂၃
လေကြောင်းတိုက်ခိုက်မှုကြောင့်ပြိုကျခဲ့တဲ့ဂါဇာဒေသအပျက်အစီးပုံအောက်က ကလေးငယ်ဦးကို သယ်ထုတ်လာစဥ်၊ အောက်တိုဘာ ၂၁၊ ၂၀၂၃

အစ္စရေးလ်နဲ့ ဟာမတ်စ်စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲအဖြစ် ကျယ်ပြန့်လာမှာကို စိုးရိမ်နေချိန် မှာပဲ စနေနေ့ညကနေ တနင်္ဂနွေနေ့ အစောပိုင်းအထိ အစ္စရေးလ်တပ်ဖွဲ့တွေက ဂါဇာမြှောင်ဒေသ၊ ဆီးရီးယားအပြင် လက်ဘနွန်နယ်စပ်မှာပါ တိုက်ခိုက်ခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်မှာ အစ္စရေးလ်ရဲ့ ညဖက်လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဟာမတ်စ်အဖွဲ့က ပြောပါတယ်။

ဒီလဆန်းပိုင်းက အစ္စရေးလ်မှာ လူ ၁၄၀၀ လောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုနောက်ပိုင်း ဟာမတ်စ် တွေကို ပစ်မှတ်ထားပြီး အစ္စရေးလ်က ပုံမှန်တိုက်ခိုက်နေတာပါ။ ဆီးရီးယားနိုင်ငံမှာတော့ အစ္စရေးလ်ရဲ့ မစ်ဇိုင်းဒုံးတွေကြောင့် Damascus မြို့တော်နဲ့ မြောက်ပိုင်း Aleppo မြို့တွေက လေယာဉ်ကွင်းတွေရဲ့ ပြေးလမ်းတွေ ပျက်စီးသွားခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းက ဖော်ပြပါတယ်။

တိုက်ခိုက်မှုကြောင့် လေဆိပ်ဝန်ထမ်း ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့ပြီး၊ လေယာဉ်ခရီးစဉ်တွေ တခြားလေဆိပ်တခုကို ပြောင်းရွှေ့ခဲ့ရကြောင်းလည်း ပြောပါတယ်။ လေဆိပ် ၂ ခုစလုံးကိုတော့ လွန်ခဲ့တဲ့နှစ်အတွင်း အစ္စရေးလ်က အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာပါ။

အီရန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသက လက်အောက်ခံ အုပ်စုတွေကို လက်နက်တွေ မပို့နိုင်အောင် အစ္စရေးလ်က ရည်ရွယ်ပုံရတယ်လို့လည်း အစ္စရေးလ်သတင်းစာ Times of Israel ကဖော်ပြပါတယ်။

ဂါဇာ၊ ဆီးရီးယားနဲ့ လက်ဘနွန်နယ်စပ် အစ္စရေး လေကြောင်းကတိုက်ခိုက်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG