သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်သမ္မတ အစ္စရေးနိုင်ငံ သွားရောက်

ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (အောက်တိုဘာ ၂၄၊ ၂၀၂၃)
ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (အောက်တိုဘာ ၂၄၊ ၂၀၂၃)

ပြင်သစ်သမ္မတ Emmanuel Macron ဟာ အစ္စရေးနိုင်ငံကို ဒီနေ့သွားရောက်ခဲ့ပါတယ်။
ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအပြီး အစ္စရေးနဲ့ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသဖို့နဲ့ ဂါဇာကမ်းမြှောင်မှာရှိတဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ တွန်းအားပေးတဲ့အနေနဲ့ အစ္စရေးကို နောက်ဆုံးရောက်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်တယောက်လည်းဖြစ်ပါတယ်။

Macron က အစ္စရေးသမ္မတ Isaac Herzog ကို ဖြစ်ပျက်ခဲ့တာတွေအတွက် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ကြောင်းနဲ့ ဟားမတ်စ်က ထိန်းသိမ်းထားတဲ့ ဓားစာခံအားလုံးကို လွှတ်ပေးဖို့ ထိပ်တန်းဦးစားပေးဖြစ်သင့်တယ်လို့ ပြောခဲ့သလို၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တဲ့စစ်ပွဲမှာ အစ္စရေးတယောက်တည်း အထီးကျန်မနေစေရဘူးဆိုတာ သိစေလိုကြောင်းလည်း ပြောပါတယ်။

အစ္စရေးစစ်တပ်က ဟားမတ်စ်ဌာနချုပ်ကို ပစ်မှတ်ထားပြီး ဟားမတ်စ် လက်ထောက်တပ်မှူး အများအပြား သေဆုံးမှုအပါအဝင် ဂါဇာကမ်းမြောင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒီသီတင်းပတ်ထဲ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေမှာ လက်ဘနွန်အခြေစိုက် စစ်သွေးကြွ ဟဇ်ဘိုလာအဖွဲ့ကိုလည်း ပစ်မှတ်ထားခဲ့သလို၊ ပဋိပက္ခ ကျယ်ပြန့်လာအောင်လုပ်မယ်ဆိုရင် ပေးဆပ်ရမယ်လို့လည်း အစ္စရေးသမ္မတက သတိပေးခဲ့ပါတယ်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲကနေ အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခ ကျယ်ပြန့်လာမှာကို စိုးရိမ်ကြောင်း မကြာသေးမီရက်ပိုင်းအတွင်းက အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ ဒီလဆန်းက တိုက်ခိုက်မှုတွေကြောင့် အစ္စရေးမှာ လူ ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး၊ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနကတော့ ဂါဇာမှာ သေဆုံးသူ အနည်းဆုံး ၅,၀၈၇ ဦးအထိ ရှိလာခဲ့ပြီး အခြားလူပေါင်း ၁၅,၂၇၃ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ပြင်သစ်သမ္မတ အစ္စရေးနိုင်ငံ သွားရောက်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG