သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Friends ဖရန့်စ် မင်းသား မတ်သရူး ပယ်ရီ ရုတ်တရက်ကွယ်လွန် 


အမေရိကန် ရုပ်ရှင်မင်းသား Matthew Perry
အမေရိကန် ရုပ်ရှင်မင်းသား Matthew Perry

နာမည်ကျော် အမေရိကန် ရုပ်ရှင်မင်းသား Matthew Perry မက်သရူး ပယ်ရီ အသက် ၅၄ နှစ်နဲ့ စနေနေ့ အောက်တိုဘာ ၂၈ ရက်နေ့ကပဲ ကွယ်လွန်သွားပါတယ်။ နာမည်အထူးကျော်ပြီး လူကြိုက်များတဲ့ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲ Friends မှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျယ်လိစ်မြို့က နေအိမ် ရေချိုးကန်ထဲမှာ အသက်ပျောက်နေတာကို အပြင်ကပြန်လာတဲ့ သူ့လက်ထောက်က တွေ့ခဲ့တာပါ။

မက်သရူး ပယ်ရီဟာ Friends ဇာတ်လမ်းတွဲထဲမှာ Chandler Bing ချန်ဒလာ ဘင်း အနေနဲ့ သရုပ်ဆောင်ပြီး နာမည်ကျော်ခဲ့တာပါ။ NBC ရုပ်သံလိုင်းမှာ ၁၉၉၄ ကနေ ၂၀၀၄ အထိ ရုပ်သံဇာတ်လမ်း ၁၀ ရာသီ ၊ ဇာတ်လမ်းတွဲ ၁၀ တွဲမှာ သူငယ်ချင်း ၆ ဦးထဲက တဦးအဖြစ်ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူက အဲဒီဇာတ်ကားနဲ့ ၂၀၀၂ ခုနှစ်မှာ Emmy ဆုပေးပွဲမှာ ဟာသဇာတ်ကား ထူးချွန်သရုပ်ဆောင်ဆု အတွက် တစ်ကြိုရွေးခံရတဲ့စာရင်းမှာ ပါခဲ့ပါတယ်။

၂၀၀၇ မှာလည်း "The Ron Clark Story" ဇာတ်ကားနဲ့ ရွှေကမ္ဘာလုံးဆုနဲ့ အမ်မီဆု တစ်ကြိုစာရင်းမှာပါခဲ့တာပါ။ သူက The Whole Nine Yards ဟာသကား အပါအဝင် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ခဲ့ပြီး The West Wing" လို Ally McBeal လို ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့တာပါ။

သူသေဆုံးမှုမှာ မသင်္ကာစရာ မတွေ့ရပေမဲ့ ရဲက စုံစမ်းမှုတွေတော့ အချိန်ယူပြုလုပ်နေပါတယ်။

XS
SM
MD
LG