သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဓါတ်ဆီဆိုင်တချို့ စက်သုံးဆီ ပြတ်လပ်နေ


ရန်ကုန်မြို့မှာဆီထည့်ရန်ကားများတန်းစီနေပုံ၊ မေ ၂၀ ၊၂၀၂၂
ရန်ကုန်မြို့မှာဆီထည့်ရန်ကားများတန်းစီနေပုံ၊ မေ ၂၀ ၊၂၀၂၂

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းထဲကစလို့စက်သုံးဆီ ပြတ်လပ် နေပါတယ်။ ဗုဒ္ဓဟူးနေ့လောက်ထဲကစလို့ စက်သုံးဆီအရောင်းဆိုင်တချို့မှာ ဝယ်ယူနိုင်ဖို့ ကားတွေစောင့် ဆိုင်းနေတာ မြင်ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေအတွက် လိုအပ်တဲ့ဆီတွေကို စစ်ကောင်စီက ပုံမှန်ခွဲတမ်းထက် ၈၀% ကျော် လျော့ချလိုက်တဲ့အတွက် အဓိကစီးပွားရေး အချက်အခြာမြို့ဖြစ်တဲ့ ရန်ကုန်နဲ့ တခြား မြို့တွေမှာ အခုလို ဆီပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာလို့ ပြည်တွင်းသတင်းတချို့မှာ ရေးသား ဖော်ပြကြပါတယ်။ စက်သုံးဆီ အရောင်းဆိုင်အတော်များများကလည်း ကျပ်တသောင်းဖိုးသာ အကန့်အသတ်နဲ့ ရောင်းချပေးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

တချို့ဆိုင်တွေမှာဆိုလည်း ရောင်းဖို့ ဆီမရှိတော့တဲ့ အခြေအနေဖြစ်နေပါတယ်။ အထူးသဖြင့် ၉၅ ရွန် အမျိုးအစားစက်သုံးဆီဝယ်မရ ဖြစ်နေတယ်လို့ ကားပိုင်ရှင်တွေက ပြောပြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စက်သုံးဆီပြတ်လပ်မှုတွေ အကြိမ်ကြိမ် ကြုံခဲ့ရသလို ဈေးနှုန်း မြင့်တက်မှုတွေ မကြာခဏ ဖြစ်‌ပေါ်နေပါတယ်။ စက်သုံးဆီဈေးတက်တဲ့ နောက်ဆက်တွဲ သက်ရောက်မှုကြောင့် ကုန်ဈေးနှုန်းတွေလည်း တက်ပြီးရင်းတက်ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG