သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာကြောင်း ကုလသတိပေး


ကွမ်းလုံမှာစစ်ကောင်စီတာဝေးပစ်စစ်လက်နက်သိမ်းဆည်းရမိကြောင်း MNDAA ကထုတ်ပြန််ခဲ့ (နိုဝင်ဘာ ၁၂၊ ၂၀၂၃)
ကွမ်းလုံမှာစစ်ကောင်စီတာဝေးပစ်စစ်လက်နက်သိမ်းဆည်းရမိကြောင်း MNDAA ကထုတ်ပြန််ခဲ့ (နိုဝင်ဘာ ၁၂၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပြင်းထန်နေတဲ့ တိုက်ပွဲတွေဟာ လူဦးရေထူထပ်တဲ့ မြို့ပြနေရာတွေအထိ ကျယ်ပြန့်နေပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြီးကျယ်ဆုံးနဲ့ အကျယ်ပြန့်ဆုံး တိုက်ပွဲတွေဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေးတော်တော်များများ ပြတ်တောက်နေတယ်လို့ ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က ပြောကြားပါတယ်။

တိုက်ပွဲပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေက လေဆိပ်တွေအပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းတော်တော်များများ ပိတ်ဆို့နေသလို တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတယ်လို့ ပြောသွားတာပါ။ စိန်ခေါ်မှုတွေကြားက ကုလသမဂ္ဂရဲ့မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားပြည်သူတွေအသက်ရှင်ရေးအတွက် လိုအပ်နေတဲ့အကူအညီတွေကို ဆက်လက်ပေးနေသလို နောက်ထပ်လိုအပ်နေတာတွေကိုလည်း သုံးသပ်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq ကပြောပါတယ်။

အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ငွေကြေး၊ အစားအသောက်၊ နေရာထိုင်ခင်း စတာတွေ အရေးပေါ်လိုအပ်နေတယ်လို့ပြောပါတယ်။ အိုးအိမ်စွန့်ထွက်ပြေးနေရတဲ့ ပြည်တွင်းဒုက္ခသည် စုစုပေါင်း ၂ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံထဲမှာ လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ ရန်ပုံငွေအရေးပေါ်လိုအပ်နေသလို အကူအညီလိုအပ်နေတဲ့ နေရာတွေဆီ ထိထိရောက်ရောက် ပို့ပေးနိုင်ခွင့်လည်း လိုအပ်တယ်ဆိုတာကို သူကထောက်ပြသွားပါတယ်။

ကိုးကန့်၊ တအာင်းနဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တိုက်ပွဲတွေကြောင့် အောက်တိုဘာ ၂၆ ရက်ကနေ နိုဝင်ဘာ၂၁ ရက်နေ့အထိ ပြည်တွင်း ဒုက္ခသည် ၂ သိန်း ၈ သောင်း ၆ ထောင်ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG