သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်မှာပိတ်မိနေတဲ့ မလေးရှားနိုင်ငံသားတွေ ပြည်တော်ပြန်ရောက်


လောက်ကိုင်မှာပိတ်မိနေတဲ့ မလေးရှားနိုင်ငံသားတွေ မလေးရှားပြန်ရောက် (ဒီဇင်ဘာ ၁၊ ၂၀၂၃)
လောက်ကိုင်မှာပိတ်မိနေတဲ့ မလေးရှားနိုင်ငံသားတွေ မလေးရှားပြန်ရောက် (ဒီဇင်ဘာ ၁၊ ၂၀၂၃)

လောက်ကိုင်မှာပိတ်မိနေတဲ့ မလေးရှားနိုင်ငံသားတွေ ပြည်တော်ပြန်ရောက်

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း လောက်ကိုင်ဒေသမှာ ပိတ်မိနေတဲ့ မလေးရှားနိင်ငံသား ၁၂၁ ယောက်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကို ဒီနေ့ ပြန်ရောက်သွားပြီဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောတာကို ကိုးကားပြီး The Sun သတင်းမှာ ရေးသားပါတယ်။

အသက် ၂၀ နဲ့ ၅၀ အကြား မလေးရှားနိုင်ငံသား အများစုဟာ အွန်လိုင်းကနေ လိမ်ညာတဲ့ ဆိုင်ဘာ ရာဇဝတ်မှုတွေမှာ အတင်းအကြပ် အခိုင်းခံခဲ့ရသူတွေ ဖြစ်တယ်လို့ မလေးရှား အရာရှိတွေက ပြောပါတယ်။ သူတို့နဲ့အတူအင်ဒိုနီးရှားနိုင်ငံသား တယောက်လည်း တရုတ်နိုင်ငံ Kunming မြို့ကတဆင့် မလေးရှားနိုင်ငံကို ပြန်ရောက်လာပါတယ်။

လောက်ကိုင်မှာ ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား စုစုပေါင်း ၁၂၈ ယောက်ရှိပြီး အခု ၁၂၁ ယောက် ပြန်ရောက်လာတဲ့အတွက် ၇ ယောက်ကျန်နေသေးတဲ့အကြောင်း၊ ကျန်တဲ့သူတွေကိုကယ်တင်ဖို့အတွက် ဆက်လက်ကြိုးပမ်းသွားမယ့်အကြောင်း မလေးရှားနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Datuk Mohamad Alamin က ဒီနေ့ ကွာလမ်လမ်ပူ လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

မလေးရှားနိုင်ငံသားတွေလို ထိုင်း နိုင်ငံသား ၂၀၀ ကျော်လည်း လောက်ကိုင်မှာပိတ်မိခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောပေမဲ့ တခြား နိုင်ငံတွေက နိုင်ငံခြားသားတွေ ဘယ်လောက် ပိတ်မိနေတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း မြန်မာစစ်တပ်ရဲ့လုံခြုံရေး စခန်းတွေကိုညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့ကစ ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလိုတရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး အရေးပါတဲ့ စခန်းတွေ တော်တော်များများ မြန်မာစစ်တပ်ဘက်က လက်လွှတ်ဆုံးရှုံးနေရပါတယ်။ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ကစစ်သားတော်တော်များများ လက်နက်ချခဲ့ကြပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတဲ့အကြောင်း MNDAA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG