သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာငြိမ်းချမ်းရေးအတွက် တရုတ်ကူညီပေးဖို့ စစ်ကောင်စီမျှော်လင့်


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့တွေ့ဆုံ (ဒီဇင်ဘာ ၆၊ ၂၀၂၃)
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့တွေ့ဆုံ (ဒီဇင်ဘာ ၆၊ ၂၀၂၃)

မြန်မာနိုင်ငံ ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် တရုတ်က ဆက်လက် ကူညီပေးဖို့ စစ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ စိန်ခေါ်မှု အများအပြားဆက်လက်ရှိနေပြီး ငြိမ်းချမ်း တည်ငြိမ်မှုဖော်ဆောင်တဲ့နေရာမှာ တရုတ်နိုင်ငံက ဆက်လက်ကူညီပေးဖို့ မျှော်လင့်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဘေဂျင်းမြို့တော်မှာ ဒီဇင်ဘာ ၆ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဦးသန်းဆွေရဲ့ အဲဒီလို ပြောဆိုမှုနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီကထုတ်ပြန်တဲ့ သတင်းတွေမှာတော့ မတွေ့ရပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီးတဲ့တွေ့ဆုံဆွေးနွေးစဉ် ဦးသန်းဆွေ ပြောကြားခဲ့ချက်တွေ မှန်ကန်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ VOA ကို သီးခြား အတည်ပြုပါတယ်။ မြန်မာ ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဦးသန်းဆွေအနေနဲ့ တရုတ်ဟာ မြန်မာရဲ့ အရေးကြီးဆုံး အိမ်နီးချင်းဖြစ်ပြီး၊ ဆက်ဆံရေးတိုးတက်အောင် အလွန် အလေးထားကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို ပြောခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ (၈) ကြိမ်မြောက် လန်ချန်း-မဲခေါင် အစည်းအဝေးမတိုင်ခင် ဦးသန်းဆွေနဲ့ သီးသန့်တွေ့ရာမှာ မြန်မာအနေနဲ့ ပြည်တွင်းပြန်လည်သင့်မြတ်ရေး အမြန်ဆုံးဖောင်ဆောင်ဖို့ မျှော်လင့်ကြောင်းနဲ့ တရုတ်အနေနဲ့လည်း အပြန်အလှန်ထောက်ခံကြောင်းအပြင်၊ အွန်လိုင်းငွေလိမ်မှုတွေကို အမြစ်ပြတ်ချေမှုန်းရမယ်လို့လည်း ဝန်ကြီး Wang Yi ပြောကြားခဲ့ပါတယ်။ဘေဂျင်းမြို့တော်မှာ ကျင်းပတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ဖို့ ဝန်ကြီးဦးသန်းဆွေ ဘေဂျင်းမြို့တော်ကို သွားရောက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG