သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ ၄၅ ဦးထက်မနည်း ဒဏ်ရာရ


ယူကရိန်းမြို့တော် Kyiv မှာ ရုရှားဒုံးကျည်ပစ်ခတ်ခံရပြီး မြင်ကွင်း (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)
ယူကရိန်းမြို့တော် Kyiv မှာ ရုရှားဒုံးကျည်ပစ်ခတ်ခံရပြီး မြင်ကွင်း (ဒီဇင်ဘာ ၁၃၊ ၂၀၂၃)

ယူကရိန်းရဲ့ မြို့တော်ကို ရုရှားက ဒုံးကျည်တွေနဲ့ ဒီကနေ့မှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၄၅ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ရုရှားကျူးကျော်မှုကို တိုက်ဖျက်ရေးအတွက် အမေရိကန်ဘက်ကပေးမယ့် ဒေါ်လာ ၆၁ ဘီလီယံကို အတည်ပြုပေးနိုင်ဖို့ အမေရိကန်အရာရှိတွေကို ယူကရိန်းသမ္မတ Volodymyr Zelenskyy တိုက်တွန်း ပြောဆိုချိန်မှာဘဲ အခုလို ရုရှားရဲ့ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့တာပါ။

ရုရှားနိုင်ငံက ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ၁၀ စင်းလုံးကို နိုင်ငံရဲ့ လေကြောင်းရန် ကာကွယ်ရေးအဖွဲ့က ပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်က ပြောပါတယ်။ ပစ်ချခံရတဲ့ ဒုံးကျည်တွေရဲ့ အပျက်အစီးတွေ ပြုတ်ကျခဲ့တဲ့အတွက် ကလေးဆေးရုံနဲ့ မြို့ရဲ့ ရေပေးဝေရေးစနစ် ပျက်စီးခဲ့တယ်လို့ Kyiv မြို့တော်ဝန် Vitaly Klitschko က ပြောပါတယ်။

Kyiv မြို့ အုပ်ချုပ်ရေးအကြီးအကဲ Serhiy Popko ကလည်း အပျက်အစီးတွေကြောင့် နေအိမ်အများအပြားကို ထိမှန်ခဲ့တယ်လို့ ပြောထားပါသေးတယ်။

ရုရှားဟာ ဆောင်းရာသီအတွင်း လူနေရပ်ကွက်တွေ၊ မူလတန်းကျောင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အဦးတွေကို ထိခိုက်ပျက်ဆီးအောင် လုပ်နေတယ်ဆိုတာ သက်သေပဲလို့ သမ္မတ Zelenskyy က လူမှုကွန်ယက်မှာ ဒီနေ့ပဲ ရေးသားထားပါတယ်။ ဒီအတွက် လက်တုံ့ပြန်မှုတွေ ရှိလာမှာ အသေအချာပဲလို့လည်း သူကပြောပါတယ်။

ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် တိုးမြှင့်လုပ်ဆောင်ဖို့အတွက် အမေရိကန် သမ္မတ Joe Biden နဲ့ သဘောတူခဲ့ညီမှု ရှိခဲ့တယ်လို့လည်း သမ္မတ Zelenskyy က ပြောထားပါသေးတယ်။ ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးအတွက် ဒုံးကျည်တွေနဲ့ အခြားလိုအပ်တဲ့ အစိတ်အပိုင်းတွေ အပါအဝင် အမေရိကန်အစိုးရက ဒေါ်လာ သန်း ၂၀၀ အထိ စစ်ရေး အကူအညီတွေပေးမယ်လို့ အင်္ဂါနေ့က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG