သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ ဆိုက်ဘာ ရာဇဝတ်လုပ်ငန်းတွေမှာ သီရိလင်္ကာ ၅၀ ကျော် ခိုင်းစေခံနေရ


 ရွှေကုက္ကိုလ် Source: C J
ရွှေကုက္ကိုလ် Source: C J

မြဝတီ ဆိုက်ဘာ ရာဇဝတ်လုပ်ငန်းတွေမှာ သီရိလင်္ကာ ၅၀ ကျော် ခိုင်းစေခံနေရ

ကရင်ပြည်နယ် မြဝတီ မြို့နယ်ထဲက ဆိုင်ဘာရာဇဝတ်မှု လုပ်ငန်းတွေမှာ အဓမ္မ အလုပ်ခိုင်းစေခံနေရတဲ့ သီရိလင်္ကာနိုင်ငံသား ၅၆ ဦး ရှိနေဆဲ ဖြစ်ပြီး သူတို့ ပြန်လည် လွတ်မြောက်ရေးအတွက် မြန်မာအာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) တို့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သီရိလင်္ကာနိုင်ငံခြားရေးဌာနက သောကြာနေ့က သတင်းထုတ်ပြန်ပါတယ်။

လက်ရှိ ပဋိပက္ခတွေကြောင့် အဲဒီဒေသထဲကို ဝင်ရောက်ဖို့ ခက်ခဲနေကြောင်း မြန်မာစစ်ကောင်စီက အကြောင်းပြန်ထားတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီး ဂျာနာကာဘန်ဒါရာ (Janaka Bandara) ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီ ပြည်ထဲရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦး တို့နဲ့ နေပြည်တော်မှာ တွေဆုံခဲ့ပြီး သီရိလင်္ကာနိုင်ငံသားတွေက ပြန်လည် ကယ်ဆယ်နိုင်ဖို့ စစ်ကောင်စီကို အရေးပေါ်အကူအညီ တောင်းခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ခုနှစ်အတွင်းမှာ ဆိုင်ဘာရာဇဝတ်မှုလုပ်ငန်းထဲ ကျရောက်နေတဲ့ သီရိလင်္ကာနိုင်ငံသား ၃၂ ယောက်ကို ကယ်ဆယ်ထားနိုင်ပါတယ်။ သီရိလင်္ကာနိုင်ငံသားတွေဟာ နည်းပညာ အိုင်တီလုပ်ငန်းတွေမှာ လုပ်ကိုင်ရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ တရားဝင် အလုပ်ဗီဇာတွေ၊ စာချုပ်စာတမ်းတွေနဲ့ လာတာမဟုတ်ဘဲ အလည်အပတ်ဗီဇာတွေနဲ့ မြန်မာနိုင်ငံထဲက ဝင်လာခဲ့ကြပြီး အွန်လိုင်းလိမ်လည်တဲ့ လုပ်ငန်းထဲကျရောက်ခဲ့ကြတာပါ။

ဒီအလုပ်သမားတွေဟာ သီရိလင်္ကာနိုင်ငံခြားရေး အလုပ်အကိုင်ဗျူရိုမှာလည်း တရားဝင် စာရင်းသွင်းမထားဘူးကြပါဘူး။ ဒီလို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့မှာ အလုပ်သဘောတူစာချုပ်တွေနဲ့ အလုပ်နဲ့ ပြည်ဝင်ခွင့် ဗီဇာမပါဘဲ လစာအများကြီးပေးမယ်ဆိုတဲ့ မက်လုံးတွေနဲ့ အလုပ်ကြော်ငြာ တွေကို ယုံကြည်ပြီး လူကုန်ကူးမှုနဲ့ ရာဇ၀တ်ဂိုဏ်းတွေရဲ့ လက်ထဲ သားကောင်အဖြစ် မကျရောက်စေဖို့လည်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG