သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စစ်တပ်နဲ့နွယ်တဲ့ ထိပ်တန်း အရာရှိတချို့ ရာထူးကဖယ်ရှားခံရ

တရုတ်စစ်သားများ
တရုတ်စစ်သားများ

တရုတ်နိုင်ငံ အာကာသနဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာလုပ်ငန်း ထိပ်တန်းအကြီးအကဲ ၃ ယောက်ကို ကွန်မြူနစ်ပါတီ နိုင်ငံရေးအကြံပေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိတာဝန်တွေကနေ ဖယ်ရှားလိုက်ပါတယ်။ တရုတ်အစိုးရပိုင် အာကာသသိပ္ပံနဲ့ နည်းပညာကော်ပိုရေးရှင်း ဥက္ကဋ္ဌ Wu Yansheng၊ Norinco Group လုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ Liu Shiquan၊ အစိုးရပိုင် တရုတ်အာကာသသိပ္ပံနဲ့ စက်မှုကော်ပိုရေးရှင်းရဲ့ ဒုမန်နေဂျာ Wang Changqing တို့ကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအကြံပေးအဖွဲ့ထဲကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အစိုးရပိုင် Xinhua ကဖော်ပြပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ အသေးစိတ်ပြောကြားခြင်း မရှိပါဘူး။

အဲဒီလုပ်ငန်း ၃ ခုလုံးဟာ တရုတ်ကာကွယ်ရေးနဲ့ အာကာသနည်းပညာပိုင်းဆိုင်ရာမှာ ထိပ်တန်းကုမ္ပဏီကြီး ၃ ခုဖြစ်ပါတယ်။ အာကာသသိပ္ပံနဲ့ နည်းပညာကော်ပိုရေးရှင်းက တရုတ်အာကာသယာဉ်နဲ့ Missile ဒုံးလက်နက်ထုတ်လုပ်ရေးအစီအစဉ်တွေကို ကြီးကြပ်တဲ့ ကုမ္ပဏီဖြစ်ပြီး Norinco Group ကတော့ တရုတ်စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်နေတဲ့ ထိပ်တန်းလုပ်ငန်းကြီးတခုဖြစ်ပါတယ်။

ဒီသတင်းပတ်အစောပိုင်းကလည်း တရုတ်သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း ကော်ပိုရေးရှင်းဥက္ကဋ္ဌတာဝန်နဲ့ ပါတီအကြီးအကဲတာဝန်ယူခဲ့သူ Hu Wenming ကို အာဏာအလွဲသုံးစားလုပ်မှုနဲ့ ထောင်ဒဏ် ၁၃ နှစ်နဲ့ ဒေါ်လာ ၇ သိန်းနဲ့ညီမျှတဲ့ ယွမ်ငွေ ၅ သန်းဒဏ်ငွေချခဲ့ပါတယ်။

သမ္မတ Xi Jinping အစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေတဲ့တချိန်ထဲမှာ အဂတိလိုက်စားမှု စီမံချက်ကို အသုံးချပြီး သမ္မတ Xi ကိုနိုင်ငံရေးအရ စိန်ခေါ်လာနိုင်သူတွေကို ဖယ်ရှားအရေးယူမှုတွေလည်း လုပ်နေတယ်လို့ တချို့အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

တရုတ် စစ်တပ်နဲ့နွယ်တဲ့ ထိပ်တန်း အရာရှိတချို့ ရာထူးကဖယ်ရှားခံရ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG