သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမ်းပတ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကန်ပြစ်တင်ရှုတ်ချ


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် အစည်းအဝေးတစ်ခုအတွင်းတွေ့ရတဲ့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield (အောက်တိုဘာ ၁၈၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် အစည်းအဝေးတစ်ခုအတွင်းတွေ့ရတဲ့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield (အောက်တိုဘာ ၁၈၊ ၂၀၂၃)

စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နယ်မှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စုက ရှုတ်ချလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထု ကြုံတွေ့နေရတဲ့ ထိတ်လန့်တုန်လှုပ်စရာ နောက်ထပ် ဖြစ်ရပ်တခုလို့လည်း အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Linda Thomas-Greenfield က ဒီကနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

ခမ်းပတ်မြို့နယ် ကနန်ရွာမှာ တနင်္ဂနွေနေ့က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် ၉ ဦး အပါအဝင် အနည်းဆုံး ဒေသခံ ၁၇ ဦးသေဆုံးပြီး၊ ၂၀ လောက် ဒဏ်ရာရခဲ့ကြာင်း ဒေသခံတွေက ပြောဆိုထားပါတယ်။ စစ်ကောင်စီကတော့ ကနန်ရွာက ခရစ်ယာန်ဘုရားကျောင်းကို လေကြောင်းက ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု သတင်းဟာ သတင်းမှားဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကတော့ မြန်မာစစ်အာဏာပိုင်တွေ အနေနဲ့ အကြမ်းဖက်လုပ်ရပ် ပုံစံမျိုးစုံကို ရပ်တန့်ဖို့ မတရားဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ဖို့ ထပ်မံတောင်းဆိုထားတာပါ။ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ရမယ့် နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့လည်း သံအမတ်ကြီး Thomas-Greenfield က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ပေါ်ပေါက်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး ဆက်လက် အားပေးသွားမယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG