သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီအနီး လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်


လက်ခတ်တောင် ကုန်းအား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ (ဩဂုတ် ၁၈၊ ၂၀၂၃)
လက်ခတ်တောင် ကုန်းအား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ (ဩဂုတ် ၁၈၊ ၂၀၂၃)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မြဝတီမြို့အနီးက လက်ခတ်တောင်စခန်းကုန်းကို ဇန်နဝါရီ ၁၆ ရက်ညနေ ၄ နာရီကျော်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုလုပ်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲတွေလည်း ဖြစ်ခဲ့ပါတယ် ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ကရင်ပြည်နယ် မြ၀တီ့နဲ့ကော့ကရိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ပွဲတွေဆက်ရှိနေပြီး ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ လက်ခတ်တောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူတွေလုပ်ခဲ့တယ်လို့ ပူးပေါင်းတပ့်ဘက်ကခေါင်းဆောင်တဦးကပြောပြပါတယ်။

"ဒီလက်ခတ်တောင်ကုန်းကိုပေါ့နော် မနေ့က ၁၆ရက်နေ့ ညနေ ၄နာရီလောက်မှာ လေယာဉ်နဲ့ဗုံး ၂လုံးလာကြဲတယ် ပေါင်၅၀၀အားရှိတဲ့ ဗုံး ၂လုံးကျတယ် တလုံးက ဆွမ်းစားဆောင်နဲ့ စားဖိုဆောင်ကိုကျတယ် အဲဒီမှာလည်း ရဲဘောတွေမရှိဘူး ၊ အရင်ကတည်းက သူတို့က (စကစ)က သာသနိကအဆောက်အဦးကို အကာကွယ်ယူထားပြီးခံစစ်လုပ်ထားတဲ့စခန်းဖြစ်တယ်၊ အဲဒီ စခန်း(လက်ခတ်တောင်စခန်း)ကို ကျနော်တို့ ကေအန်ယူနဲ့ PDF တပ်တွေက လွန်ခဲ့တဲ့ ၂လလောက်ကတည်း သိမ်းပိုက်ထားတာဖြစ်ပါတယ်၊ ဒီစခန်းကို ပြန်ရရေးအတွက် သူတို့က ကြိုးစားနေတာဖြစ်တယ် ဗုံးက တလုံးကတော့ပေါက်တယ် တလုံးကတော့ မပေါက်ဘူး အောက်မှာကလည်း BGF နဲ့ သူတို့စကစက ပူးပေါင်းပြီး မြေပြင်ထိုးစစ်ဆင်နေတာဖြစ်တယ် မနေ့ကတော့တိုက်ပွဲ ခဏအကြာကြီးတော့ဖြစ်တယ်"

လေကြောင်းတိုက်ခိုက်မူတွေလုပ်တဲ့အခါ ပေါင်၅၀၀လောက်ရှိတဲ့ဗုံးတွေကိုသုံးပြီးတိုက်ခိုက်တာကြောင့် ပြီးခဲ့တဲ့ တလကျော်ကစပြီးထိခိုက်သေဆုံးတဲ့အရပ်သား ၂၀ကျော်ရှိခဲ့သလို ဒဏ်ရာရသူတွေလည်းအများအပြားရှိခဲ့တယ်လို့လည်းပြောပါတယ်။

"ဗုံးတွေနဲ့ ကျေးရွာလူထုတွေ ထဲက ထိခိုက်သေဆုံးတာက ၂၀ကျော်လောက်ဖြစ်တယ် ထိခိုက်ဒဏ်ရာရတာတွေလည်းအများကြီးဖြစ်တယ် ပေါ့ ဒီတလ ကျော်အတွင်းမှာပေါ့"

စစ်ကောင်စီဘက်က ပူးပေါင်းတပ်ဖွဲ့ွဲ့နဲ့ တိုက်ပွဲွဲစ်တိုင်းအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေရှိတယ်လို့ ကရင်ပြည်နယ်အတွင်းက လူ့အခွင့်ရေးအဖဲွတွေကလည်းဆိုပါတယ်။ လက်နက်ကြီးနဲ့ပစ်ခတ်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရပ်အောင် နိုင်ငံတကာက အရေးယူပိတ်ဆိုပေးဖို့ကိုလည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ် ကလည်းအခုလိုပြောသွားပါတယ်။

"စကစအပေါ်ကိုပေါ့နော် ထိထိရောက်ရောက်အရေးယူပိတ်ဆို့မူတွေလုပ်ရမယ် စကစအတွက် လက်နက်ကြီးတွေရနိုင်မယ့် အရင်းအမြစ်တွေကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူပိတ်ဆို့ပေးဖို့လိုပါတယ်။ စကစ တော့လက်နက်ကြီးတွေပိုလုပ်လာတယ် နောက်ဆို ဒီထက်လည်းပိုဆိုးလာမယ်အခြေအနေတွေလည်းရှိပါတယ်"

ကေအန်ယူတပ်မဟာ(၆)ထိမ်းချုပ်ရာ ဒူးပလာယာခရိုင်ထဲမှာတော့စစ်ကောင်စီဘက်ကတော့လေကြောင်းတိုက်ခိုက်မှုှု ဆက်တိုက်လုပ်နေတဲ့ ဒေသခံလူထုတွေလည်းဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။ ၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုလေကြောင်းတိုက်ခိုက်မူတွေကြောင့် တပ်မဟာ(၆) နယ်မြေထဲက ကျေးရွာ ၁၅ ရွာလောက်ဒေသခံ၅၀၀၀ခန့်နေရပ်စွန့်ခွာရှောင်တိမ်းနေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG