သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာက ဓားစာခံတွေအတွက် ဆေးဝါးတွေ ဒီနေ့ ပို့ပေးမည်


ဂါဇာဒေသကို ရောက်ရှိလာတဲ့ လူသားချင်းစာနာမှုအကူအညီပစ္စည်းတွေတင်လာတဲ့ ယာဉ်ကို လက်နက်ကိုင်အဖွဲ့က စောင့်ကြပ်လိုက်ပါလာစဉ်။ (ဇန်နဝါရီ ၁၇၊ ၂၀၂၄)
ဂါဇာဒေသကို ရောက်ရှိလာတဲ့ လူသားချင်းစာနာမှုအကူအညီပစ္စည်းတွေတင်လာတဲ့ ယာဉ်ကို လက်နက်ကိုင်အဖွဲ့က စောင့်ကြပ်လိုက်ပါလာစဉ်။ (ဇန်နဝါရီ ၁၇၊ ၂၀၂၄)

ဂါဇာမှာရှိနေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေအတွက် ဆေးဝါးတွေကို ပြင်သစ်နဲ့ ကာတာတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ဒီနေ့မှာ လွှဲပြောင်းပေးဖို့ရှိနေပါတယ်။ အပြင်းအထန် ဖျားနာနေတဲ့ ဓားစာခံ ၄၅ ဦးအတွက် ဆေးဝါးတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအကူအညီနဲ့ ပေးပို့သွားမယ်လို့ ပြင်သစ်ဘက်က ပြောပါတယ်။

ဒီလွှဲပြောင်းရေး သဘောတူညီချက်မှာ ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းအရပ်သားတွေအတွက် ဆေးဝါးနဲ့ အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း ပါဝင်တယ်လို့ ကာတာဘက်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကလုပ်ခဲ့တဲ့ ယာယီအပစ်အခတ်ရပ်စဲရေးအတွင်း ဓားစာခံ ၁၀၀ ကျော်ကို လွှတ်ပေးခဲ့ပေမဲ့ ဂါဇာရှိ ဟားမတ်စ်တွေလက်ထဲမှာ ဓားစာခံ ၁၃၀ လောက် ကျန်နေသေးတာပါ။

အမေရိကန်ဘက်ကလည်း ဓားစာခံလွှတ်ပေးရေး ကာတာမှတဆင့် ကြားဝင်ဆွေးနွေးမှုတွေကတဆင့် သဘောတူညီချက်အသစ် တစုံတရာ ရလာဖို့ကို မျှော်လင့်နေပါတယ်။

ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အသေးစိတ်မပြောချင်ပေမဲ့ မကြာခင်မှာပဲ ဆွေးနွေးပွဲရဲ့ အကျိုးရလဒ်တွေကို ခံစားရမှာပါလို့ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တွေကို ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးအာဏာပိုင်တွေ ပြောကြားချက်အရ အစ္စရေးတပ်ဖွဲ့တွေရဲ့ နောက်ဆုံးတိုက်ခိုက်မှုမှာ လူ ၁၆၃ ဦး သေဆုံးခဲ့ပြီး၊ လက်ရှိမှာဆိုရင် ပါလက်စတိုင်းနယ်မြေအတွင်း ဟာမတ်စ်တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားစုစုပေါင်း ၂၄,၄၄၈ ဦးအထိ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG