သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက ရေအောက် နျူကလီးယား ဒရုန်း စမ်းသပ်


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း

မြောက်ကိုရီးယားနိုင်ငံမှာ ရေအောက် နျူကလီးယား လက်နက်စနစ် စမ်းသပ်မှုတခုလုပ်ခဲ့ပါတယ်။ တောင်ကိုရီယား၊ ဂျပန်နဲ့ အမေရိကန်ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တာကို ဆန္ဒပြတဲ့အနေနဲ့ စမ်းသပ်မှုလုပ်ခဲ့တာလို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းလွန်ရေပြင်မှာ Haeil-5-23 စနစ်ကို စမ်းသပ်ခဲ့တယ်လို့ သတင်းမှာ ပြောပေမဲ့ ဘယ်နေ့က လုပ်ခဲ့သလဲ အတိအကျ ဖော်ပြခြင်း မရှိပါဘူး။ နျူကလီးယား လက်နက်တပ်ဆင်နိုင်တဲ့ ရေအောက် ဒရုန်းတွေကို မြောက်ကိုရီယားက Haeil-5-23 လို့နာမည်ပေးထားတာပါ။ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေရေတပ်တွေရဲ့ စစ်ရေးအရ ရန်လိုတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ ရေအောက် နျူကလီးယား တန်ပြန်စနစ်ရဲ့ တုံ့ပြန်နိုင်မှုကို စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားကာကွယ်ရေးဌာန ပြောခွင့်ရရဲ့ ထုတ်ပြန်ချက်ကို KCNA သတင်းက ထုတ်ပြန်ခဲ့ပါတယ်။

သူ့အဆိုအရ ကြောက်လန့်နေကြတဲ့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုကနေ ကြီးမားတဲ့ဆိုးကျိုးတွေခံရမယ်လို့ မြောက်ကိုရီးယားကာကွယ်ရေးဌာနက အမည်မဖော်လိုတဲ့ အရာရှိတယောက်ကလည်း သတိပေးခဲ့ပါတယ်။ အခုသီတင်းပတ်အစောပိုင်းက အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော Carl Vinson ပါဝင်တဲ့ ၃ ရက်ကြာ စစ်ရေး‌လေ့ကျင့်မှုကို ၃ နိုင်ငံ ပူးတွဲလုပ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားက ရေအောက် နျူကလီးယား လက်နက်စမ်းသပ်မှုလုပ်ခဲ့တယ်လို့ ပြောပေမဲ့ မှန် မမှန် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ မြောက်ကိုရီးယားဘက်က လက်နက်စမ်းသပ်မှုတွေ ဆက်တိုက်လုပ်နေတာ ချက်ချင်းရပ်ဖို့ တောင်ကိုရီယားကာကွယ်ရေးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG