သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်နဲ့နယ်စပ်ပင်လယ်ပြင် မြောက်ကိုရီးယားလက်နက်ကြီးပစ်ခတ်


မြောက်ပိုင်းကန့်သတ်စည်းအနီး မြောက်ကိုရီးယားကမ်းခြေ ယုံဖြောင်းကျွန်းပေါ်မှာတည်ဆောက်ထားတဲ့ အမြောက်တပ်ကတုပ်ကျင်းများ။ (ဇန်နဝါရီ ၆၊ ၂၀၂၄)
မြောက်ပိုင်းကန့်သတ်စည်းအနီး မြောက်ကိုရီးယားကမ်းခြေ ယုံဖြောင်းကျွန်းပေါ်မှာတည်ဆောက်ထားတဲ့ အမြောက်တပ်ကတုပ်ကျင်းများ။ (ဇန်နဝါရီ ၆၊ ၂၀၂၄)

တောင်ကိုရီးယားနဲ့ ပင်လယ်ပြင်နယ်စပ်အနီးမှာ မြောက်ကိုရီးယားက တနင်္ဂနွေနေ့ မှာ အမြောက်ပစ်ပြီး ရန်စခဲ့တယ်လို့ တောင်ကိုရီးယားက ပြောလိုက်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားက ခုလိုပစ်ခတ်တာကို တောင်ကိုရီးယားက သိနိုင်တယ်ဆိုတဲ့အချက်ကို မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ညီမက လှောင်ပြောင်လိုက်ပါတယ်။ အဲဒီလိုလှောင်ပြောင်တာဟာ တောင်ကိုရီးယား ပြည်သူတွေက တောင်ကိုရီးယား စစ်တပ်အပေါ် ယုံကြည်မှုပျက်ပြားအောင်၊ စိတ်ဝမ်းကွဲအောင်လုပ်တာပဲဖြစ်တယ်လို့ တောင်ကိုရီးယား လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။

မြောက်ကိုရီးယားက အချက်ပေါင်း ၉၀ ကျော် ပစ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်က ပြောခဲ့ပါတယ်။ သောကြာနေ့မှာ ကျည်ပေါင်း ၂၀၀ လောက်ပစ်ခဲ့ပြီး စနေနေ့မှာ ၆၀ ကျော်ပစ်ခဲ့တယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။ ဒါပေမဲ့စနေနေ့တုန်းက ကမ်းခြေအမြောက်ပစ်သံနဲ့တူတဲ့ ပေါက်ကွဲယမ်းမှုန့်တွေကို ဖောက်ခွဲခဲ့တာပဲဖြစ်ပြီး တောင်ကိုရီးယားစစ်တပ်က သိရှိတယ်ဆိုတာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းရဲ့ညီမ ကင်ယိုဂျောင်း (Kim Yo Jong) က စနေနေ့မှာ သတင်းထုတ်ပြန် လှောင်ပြောင်ခဲ့ပါတယ်။

ဒါပေမဲ့ ကမ်းခြေစောင့် အမြောက်ပစ်စနစ်နဲ့ တကယ့်ကျည်တွေသုံး စစ်ရေးလေ့ကျင့်ခဲ့တာဟာ ပုံမှန်စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းဖြစ်ပြီး တောင်ကိုရီးယားကို ရန်စတာမဟုတ်ကြောင်း မြောက်ကိုရီးယားစစ်တပ်က နောက်ပိုင်းမှာ ပြောကြားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG