သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ပဲ့ထိန်းတပ်ဒုံးကျည်ပစ်လွှတ်


မြောက်ကိုရီးယားအစိုးရပိုင်ရုပ်သံကထုတ်လွှင့်တဲ့ ပထမဆုံး သူလျိုဂြိုဟ်တုလွှတ်တင်ပုံ။ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
မြောက်ကိုရီးယားအစိုးရပိုင်ရုပ်သံကထုတ်လွှင့်တဲ့ ပထမဆုံး သူလျိုဂြိုဟ်တုလွှတ်တင်ပုံ။ (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

မြောက်ကိုရီးယားဟာ တနင်္ဂနွေနေ့က အမျိုးအမည်မသိ ပဲ့ထိန်းဒုံးတစင်းပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကမ်းရိုးတန်းစောင့်နဲ့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ တချိန်တည်းမှာတော့ အမေရိကန်ဦးဆောင်တဲ့ စစ်ရေးအင်အားပြမှုတွေဟာ နျူကလီယားစစ်ပွဲရဲ့ ရှေ့ပြေးအခင်းအကျင်းတရပ်ဖြစ်တယ်ဆိုပြီး မြောက်ကိုရီယားဘက်က ဝေဖန်ရှုတ်ချခဲ့ပါတယ်။

အခု မြောက်ကိုရီးယားပဲ့ထိန်းဒုံးဟာ အရှေ့ဘက်ကမ်းခြေကို ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယားစစ်ဦးစီးအဖွဲ့က ပြောပါတယ်။ ပစ်လွှတ်ခဲ့ပြီး မိနစ် ၂၀အကြာမှာ ပင်လယ်ပြင်ထဲပျက်ကျသားတယ်လို့ ဂျပန်ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ ဂျပန်ပင်လယ်ပြင်စီးပွားရေးဇုံအပြင်ဘက် ပင်လယ်ပြင်ထဲ ထိုးကျခဲ့ပုံရတယ်လို့ NTV သတင်းက ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယားတာဝန်ရှိသူတွေက သတိပေးချက်ထုတ်ပြန်ပြီးနောက် အခုလို မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုဖြစ်လာတာပါ။ မြောက်ကိုရီယားအနေနဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေမလုပ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေက ပိတ်ပင်ထားပေမယ့်လည်း ဒီလိုဆောင်ရွက်တာတွေဟာ အချုပ်အခြာပိုင်မှုအတွက် ကိုယ့်ကိုကိုယ်ခုခံကာကွယ်တာဖြစ်တယ်လို့ မြောက်ကိုရီးယားက ချေပခဲ့ပါတယ်။

အခုလို ပဲ့ထိန်းဒုံးကျည်ပစ်ခတ်အပြီး အချိန်ပိုင်းလေးမှာပဲ မြောက်ကိုရီးယားကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ကို မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းက ကြေညာရာမှာ အမေရိကန်နဲ့တောင်ကိုရီးယားတို့က စစ်မက်လိုလားတဲ့ဂိုဏ်းတွေဟာ စစ်ရေးအင်အားပြလေ့ကျင်မှုတွေလုပ်ပြီး တင်းမာမှုဖြစ်လာအောင်လုပ်တယ်ဆိုပြီး ဝေဖန်ပြစ်တင်သွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG