သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပွဲတော်တွင်း လူရာကျော် သေဆုံးမှုမှာ တာဝန်ရှိသူ ရဲအကြီးကဲ တရားစွဲခံရ

Song Chae-rim (second from left) was one of 159 people killed during the Itaewon crowd surge during a Halloween celebration, seen here at a public memorial to the victims of the tragedy, Oct. 13, 2023. (William Gallo/VOA)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ၂၀၂၂ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ Halloween ပွဲတော်အတွင်း ၊ လူအုပ်စု ပြိုကျ တက်နင်းမိလို့ လူပေါင်း ၁၆၀ နီးပါး သေဆုံးခဲ့ရတာအတွက် ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲကို တာဝန်ပေါ့ဆမှုနဲ့ အစိုးရ ရှေ့နေတွေက စွဲချက် တင်လိုက်ပါတယ်။

၂၀၂၂ အောက်တိုဘာလထဲ Halloween ပွဲတော်လုပ်နေတဲ့ ဆိုးလ်မြို့တော် အီတေးဝမ် Itaewon ရပ်ကွက်မှာ အချင်းချင်း တက်နင်းမိရာက ၊ လူ( ၁၅၉ )ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် တာဝန်ရှိတယ်ဆိုပြီး ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲ Kim Kwang-ho ကင်မ်ကွမ်ဟိုးကို တရားစွဲလိုက်တာ ဖြစ်ပါတယ်။

အီတေးဝမ် ရပ်ကွက်ဟာ အဆောက်အဦးတွေကြား ၊ ကျဥ်းမြောင်းတဲ့ လမ်းသွယ်တွေသာ ရှိတဲ့ ဒေသဖြစ်ပြီး ကိုဗစ် ကူးစက်မှု အတော်ကို လျော့နည်းလာချိန်မှာ ပထမဆုံး ကျင်းပခွင့်ရတဲ့ Halloween ပွဲလည်း ဖြစ်တာကြောင့် လူငယ်တွေ ထောင်နဲ့ချီ သွားရောက်ခဲ့ရာက ခုလို သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာပါ။။

လူတွေ ပြွတ်သိပ်ပြီး ဒီလမ်းကြောကို ဖြတ်သန်းသွားလာနိုင်တယ်ဆိုတာ သိလျက်သားနဲ့ ဒေသ အာဏာပိုင်တွေရော ရဲတပ်ဖွဲ့ကပါ လုံခြုံရေး အစီအမံတွေ ကူညီဆောင်ရွက် ပေးခဲ့တာမျိုး မရှိတဲ့အပြင် ၊ အခင်းဖြစ်နေချိန်မှာ ကယ်ဆယ်ပေးဖို့ အကူအညီ တောင်းခဲ့တာတောင်မှ လုံလောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုမျိုး မရခဲ့ဘူးလို့ စုံစမ်းရေးကော်မရှင်ရဲ့ မှတ်ချက်မှာ ဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG