သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်နဲ့ အီရတ်က လက်နက်ကိုင်အုပ်စုတွေကို ကန် ထပ်မံတိုက်ခိုက်


ဟူသီသူပုန်တွေကိုတိုက်ခိုက်ဖို့ထွက်ခွာနေတဲ့ ဗြိတိန်တော်ဝင်လေတပ် တိုက်လေယာဉ် (ဇန်နဝါရီ ၂၂၊ ၂၀၂၄)
ဟူသီသူပုန်တွေကိုတိုက်ခိုက်ဖို့ထွက်ခွာနေတဲ့ ဗြိတိန်တော်ဝင်လေတပ် တိုက်လေယာဉ် (ဇန်နဝါရီ ၂၂၊ ၂၀၂၄)

အီရတ်နဲ့ ယီမင်နိုင်ငံတွေမှာ အီရန်နိုင်ငံက အားပေးထောက်ခံနေတဲ့ လက်နက်ကိုင်အုပ်စုတွေကို အမေရိကန်က ဒီကနေ့ အစောပိုင်းမှာပဲ ၂ နာရီလောက်ကြာအောင် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း အီရတ်နိုင်ငံက စစ်သွေးကြွအုပ်စုရဲ့ ဌာနချုပ်နဲ့ နိုင်ငံတကာ ရေကြောင်းသွားလာရေး လမ်းကြောင်းကို တိုက်ခိုက်မယ့် ယီမင်နိုင်ငံက မစ်ဇိုင်းဒုံးတွေကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း အမေရိကန် စစ်တပ်က သတင်းထုတ်ပြန်ခဲ့တာပါ။

မကြာသေးခင်ရက်တွေက အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ခိုက်ခဲ့တဲ့ အီရတ်နိုင်ငံက စစ်သွေးကြွတွေကို ဒေသစံတော်ချိန် သန်းခေါင်ယံကျော်အချိန်မှာ အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ Kataib Hezbollah နဲ့ တခြား အီရန်က အားပေးထောက်ခံနေတဲ့ စစ်သွေးကြွအုပ်စုတွေရဲ့ ဌာနချုပ်တွေ၊ သိုလှောင်ရုံတွေ၊ ရော့ကတ်နဲ့ မစ်ဇိုင်းဒုံး လေ့ကျင့်ရေး စခန်းတွေကို အဝေးထိန်းဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်ရဲ့ အလယ်ပိုင်းဒေသကွပ်ကဲရေးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။ လိုအပ်ရင်နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ကောင်းလုပ်နိုင်ကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က သီးခြားပြောဆို သတိပေးခဲ့ပါတယ်။ ဒေသတွင်းမှာ ပဋိပက္ခတွေ ကြီးထွားလာမှာကို မလိုလားပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေးအတွက် လိုအပ်သလို တုံ့ပြန်ဖို့ အသင့်ပြင်ထားကြောင်း ဝန်ကြီး Austin က ကြေညာချက်ထုတ်ပြန်ရာမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG