သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနယ်စပ် ဂါဇာတောင်ပိုင်းမှာ ပေါက်ကွဲသံတွေကြား


Smoke rises from Gaza
Smoke rises from Gaza

အစ္စရေးနယ်စပ် ဂါဇာတောင်ပိုင်းမှာ ပေါက်ကွဲသံတွေကြား

အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာ ၃ လ ကျော်လာပြီ ဖြစ်ပြီး စနေနေ့ကလည်း အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကြားက တောင်ပိုင်းနယ်စပ် တလျှောက်မှာ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။ အစ္စရေး ဘက်က ဥသြဆွဲသံတွေကိုလည်း နယ်စပ်လျှောက်က ပေါက်ကွဲသံတွေနဲ့အတူ ကြားနေရတာပါ။

သောကြာနေ့ကတော့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး ICJ က အစ္စရေးကို ဂါဇာဒေသတွင်း သေဆုံးမှုတွေနဲ့ ပျက်စီးမှုတွေ မဖြစ်အောင် တတ်နိုင်သမျှ ဆောင်ရွက်ဖို့နဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဘယ်လို လုပ်ဆောင်မှုမျိုးပဲဖြစ်ဖြစ် မလုပ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပါလက်စတိုင်း ပိုင်နက်အတွင်း စစ်ရေး ထိုးစစ်ဆင်မှုတွေ အဆုံးသတ်ဖို့ ICJ က အမိန့်ချမှတ်ခဲ့ပြီး အစ္စရေးရဲ့ စစ်ပွဲကာလအတွင်း ကျူးလွန်မှုတွေအတွက် အပြစ်တင်ခဲ့ပါတယ်။

ပါလက်စတိုင်းသား ၂ သောင်း ၆ ထောင်ကျော် သေဆုံးခဲ့ရပြီး ဂါဇာဒေသတလွှား အကြီးအကျယ် ပျက်စီးခဲ့ရသလို ဒေသခံ ၈၅% နီးပါးလောက် အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရတဲ့ ၄ လ နီးပါးကြာနေပြီဖြစ်တဲ့ စစ်ပွဲ ရပ်ဆိုင်းဖို့လည်း နိုင်ငံတကာက ဖိအားတွေ ပေးနေတာ ဖြစ်ပါတယ်။

အစ္စရေးတောင်ပိုင်းကို ဟာမတ်စ် စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၁၂၀၀ လောက် သေဆုံးပြီး ၂၅၀ လောက် ဓါးစာခံအဖြစ် အဖမ်းခံခဲ့ရတဲ့ အောက်တိုဘာ ၇ ရက်ကစပြီး ဂါဇာမှာ ဟာမတ်စ်တွေ ထိန်းချုပ်မှု အဆုံးသတ်စေဖို့ အစ္စရေးဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG