သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်များထွက်ခွာရေး ကန်-အီရတ်ဆွေးနွေး

US Major General Joel "J.B." Vowell leaves after a meeting with Iraqi Prime Minister and top-ranking officials of the Iraqi armed forces and of the US-led coalition during the first round of talks on the future of American and other foreign troops in the

အိုင်အက်စ် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ အီရတ်ကိုရောက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ပြန်လည် ထွက်ခွါရေးအတွက် အမေရိကန်နဲ့ အီရတ်အစိုးရတို့ကြား ပထမအကြိမ် တရားဝင်ဆွေးနွေးပွဲကို ဘက်ဂဒက်မှာ စနေနေ့က ကျင်းပခဲ့တယ်လို့ အီရတ်ဝန်ကြီးချုပ် Mohammed Shia al-Sudani က ပြောပါတယ်။

လက်ရှိဖြစ်ပွါးနေတဲ့ အစ္စရေး - ဟားမတ်စ် စစ်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ အီရန်အထောက်အကူပေးနေတဲ့ စစ်သွေးကြွတွေက အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန် တပ်တွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ တိုက်ခိုက်နေချိန်မှာပဲ အခုလို အီရတ်က မဟာမိတ်တပ်တွေ ပြန်ထွက်ခွါရေး ဆွေးနွေးပွဲကို စတင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို တပ်တွေ ရုပ်သိမ်းရေးနဲ့ပတ်သက်ပြီး ညှိနှိုင်းရေး ကော်မတီတရပ်ဖွဲ့စည်းရေး အစီစဉ်ကို ပြီးခဲ့တဲ့ နှစ်ထဲမှာ ပထမဆုံးဆွေးနွေးခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။ အီရတ်ကို အမေရိကန် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကစပြီး အီရတ်မှာ အမေရိကန်တပ်တွေ ရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၁ မှာ အမေရိကန်တိုက်ခိုက်ရေး တပ်တွေအားလုံး အီရတ်ကနေ ပြန်လည် ထွက်ခွါခဲ့ကြတာဖြစ်ပြီး ၂၀၁၄ မှာတော့ အီရတ်အစိုးရရဲ့ အိုင်အက်စ် စစ်သွေးကြွ နှိမ်နင်းရေးမှာ ကူညီဖို့ ထောင်နဲ့ချီတဲ့တပ်တွေ ပြန်ပို့ပေးခဲ့တာပါ။

အီရတ်မှာ အိုင်အက်စ်တွေထိန်းချုပ်တဲ့ နယ်မြေတွေ ပြန်ရခဲ့တဲ့အပြင် ၂၀၂၀ မှာ အီရန်ဗိုလ်ချုပ်ကြီး Qassem Soleimani နဲ့ အီရတ်စစ်သွေးကြွခေါင်းဆောင် Abu Mahdi al-Muhandis တို့ အမေရိကန် လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ဲ့တဲ့နောက် မဟာမိတ်တပ်တွေ ပြန်ဆုတ်ခွါဖို့ အီရတ်အာဏာပိုင်တွေက မကြာမကြာ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG