သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါး


PALESTINIAN-ISRAEL-CONFLICT
PALESTINIAN-ISRAEL-CONFLICT

ဂါဇာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါး

ဂါဇာနဲ့ အစ္စရေးတောင်ပိုင်းနယ်စပ်မှာ စနေနေ့မနက်က ပေါက်ကွဲသံတွေ တင့်ကားသံတွေ ကြားနေရပြီး တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အစ္စရေးနဲ့ ဟာမတ်စစ်ပွဲတွေ ဆက်လက်ဖြစ်နေပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ အပစ်အခတ်ရပ်ဖို့ နှစ်ဘက်လုံးကို တိုက်တွန်းနေပါတယ်။

စနေနေ့မှာပဲ လူတွေ စုံပြုံရောက်ရှိနေတဲ့ အီဂျစ်နယ်စပ်က ရာဖာမြို့ကို အစ္စရေးဘက်က အပြင်းအထန်တိုက်ခိုက်ခဲ့ ပါတယ်။ ထိခိုက်သေဆုံးမှုတွေကိုတော့ အတိအကျ မသိရသေးပါဘူး။ အစ္စရေးဟားမတ်စစ်ပွဲ စတင်ချိန်ကစလို့ အခု အချိန်ထိ လူပေါင်း ၂ သောင်း ၇ ထောင် ၁ ရာကျော် သေဆုံးခဲ့ပြီလို့ ဟားမတ်စ် ကျန်းမာရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

UAE အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံက ဂါဇာအတွက် လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၅ သန်းဖိုးထောက်ပံ့ လိုက်ပါတယ်။ အခုလို အချိန်မှာပဲ အီဂျစ်နယ်စပ်ကိုဖြတ်ပြီး ရာဖာမြို့ကနေ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အထောက်အကူတွေ တင်ဆောင်လာတဲ့ မော်တော်ယဉ်တန်းဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး စနေနေ့မနက်ကပဲ ဝင်ရောက်လာခဲ့ပါတယ်။

ဂါဇာဒေသမှာ လူသားချင်းစာနာမှုအကူအညီတွေ လုပ်ကိုင်နေတဲ့ UNRWA ကုသလသမဂ္ဂ ကူညီထောက်ပံရေးအဖွဲ့မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအထဲက ဒါဇင်နဲ့ချီတဲ့ဝန်ထမ်းတွေဟာ အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အထဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် နိုင်ငံပေါင်း ၁၆ နိုင်ငံက UNRWA ကို ကူညီထောက်ပံ့မှုတွေ ဖြတ်တောက်လိုက်ပါတယ်။

XS
SM
MD
LG