သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဩစတေးလျနိုင်ငံသင်တန်းတွေမှာ မြန်မာစစ်အရာရှိတွေကိုစိစစ်ဖို့ HRW တိုက်တွန်း


MYANMAR-POLITICS/OFFICE
MYANMAR-POLITICS/OFFICE

ဩစတေးလျနိုင်ငံသင်တန်းတွေမှာ မြန်မာစစ်အရာရှိတွေကိုစိစစ်ဖို့ HRW တိုက်တွန်း

သြစတြေးလျနိုင်ငံက ကမကထပြုတဲ့ သင်တန်းတွေမှာ မြန်မာစစ်တပ် အရာရှိတွေ ပါဝင်ခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေအသစ်တွေ ပြဌာန်းဖို့ သြစတြေးလျားပါလီမန်ကို လူ့အခွင့်အရေး စောင့်ကြည့်‌ရေးအဖွဲ့ကြီး HRW က တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အီးယူ အပါအဝင် လူ့အခွင့်အရေး အဖွဲ့စည်းတွေက အစီရင်ခံစာ အမျိုးမျိုးကို ထုတ်ပြန်ထားပေမဲ့၊ မြန်မာ စစ်အရာရှိတွေ သင်တန်း လာတက်တဲ့အခါ လူ့အခွင့်အရေး ချိုးဖောက်မှု နောက်ကြောင်းရှင်းမရှင်း စစ်ဆေးတာ UDK AUSTRALIA က မလုပ်ခဲ့ဘူးလို့ HRW က ပြောပါတယ်။

၂၀၁၈ အောက်တိုဘာလက သြစတြေးလျား လွှတ်တော်ကြားနာပွဲ တခုမှာ “အဲဒီလို နောက်ကြောင်းလိုက်တဲ့ လုပ်ထုံးလုပ်နည်း မရှိသေးပါဘူး” လို့ အဲဒီတုန်းက ကာကွယ်ရေးဝန်ကြီး ဂရက် မိုရီရာတီ Greg Moriarty က ပြောခဲ့ပါတယ်။

သြစတြေးလျားနိုင်ငံရဲ့ ဘဏ္ဍာငွေကြးနဲ့ လူအင်အားကို အသုံးပြုတဲ့ သင်တန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်သူတွေ မတက်ရောက်နိုင်အောင် ပိတ်ပင်တဲ့ ဥပဒေအပြင် တက်ရောက်မယ့် သင်တန်းသားတွေရဲ့ နောက်ကြောင်းကို စိစစ်တဲ့ ဥပဒေတွေ ပြဌာန်းဖို့လိုတယ်လို့ HRW က ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့အထိ မြန်မာ စစ်အရာရှိတွေဟာ အာဆီယံနဲ့ နိုင်ငံခြားသင်တန်းတချို့မှာ တက်ရောက်ခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG