သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေး မလေးရှားမှာဆွေးနွေး


ထိုင်းတောင်ပိုင်း နရာသီဝပ်မှာ အကြမ်းဖက်မှုဖြစ်စဉ်အပြီး လုံခြုံရေးယူနေတဲ့ ထိုင်းစစ်သားတဦး (သြဂုတ် ၁၇၊ ၂၀၂၂)
ထိုင်းတောင်ပိုင်း နရာသီဝပ်မှာ အကြမ်းဖက်မှုဖြစ်စဉ်အပြီး လုံခြုံရေးယူနေတဲ့ ထိုင်းစစ်သားတဦး (သြဂုတ် ၁၇၊ ၂၀၂၂)

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဆယ်စုနှစ် နှစ်ခုကြာလောက် ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေ အဆုံးသတ်ရေးအတွက် ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ တနှစ်ကြာလောက် ရပ်ဆိုင်းနေခဲ့ရာက ဒီကနေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြန်လည် စတင်ပါတယ်။​ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးအတွက် မွတ်ဆလင်အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်တချို့မှာ ၂၀၀၄ ခုနှစ်ကစလို့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ် တောင်းဆိုလာခဲ့ကြတာပါ။ အဲဒီလို တိုက်ခိုက်မှုတွေကြာင့် လူပေါင်း ၇,၃၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၃,၅၀၀ လောက်လည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသအတွင်းအခြေစိုက် သုတေသနအဖွဲ့တခုဖြစ်တဲ့ Deep South Watch က ပြောပါတယ်။​

ဒီကနေ့ ပြန်လည်စတင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုမှာတော့ ထိုင်းအစိုးရ ကိုယ်စားလှယ်တွေအပြင် ခွဲထွက်ရေးလိုလားတဲ့ Barisan Revolusi Nasional အဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါဟာ နောက်ဆုံးတွေ့ဆုံမှု ပြုလုပ်အပြီး တနှစ်အကြာမှာ ပြန်လည် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။​

ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ အားလုံး ပူးပေါင်းပါဝင်နိုင်မယ့် လမ်းပြမြေပုံကိစ္စကို အခု ဆွေးနွေးပွဲမှာ ဦးစားပေး ဆွေးနွေးကြမယ်လို့ ထိုင်းအစိုးရ စေ့စပ် ညှိနှိုင်းရေးမှူး Chatchai Bangchuad က ပြောပါတယ်။ ဆွေးနွေးမှုမှာ ပါဝင်မယ့် အသေးစိတ် အချက်အလက်တွေကတော့ အကြမ်းဖက်မှု အဆုံးသတ်ရေးနဲ့ နိုင်ငံရေးအရ လွတ်လပ်စွာ ပြောဆို ဝေဖန်ပိုင်ခွင့်ရှိရေး စတဲ့ အရင်က ရှိထားပြီးသားအချက်တွေ ဖြစ်တယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲမစခင်မှာ Chatchai Bangchuad က ပြောကြားခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေး မလေးရှားမှာဆွေးနွေး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG