သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရွေးကောက်ပွဲရုံး ဗုံးပေါက်ကွဲမှု ၂၇ ဦးထက်မနည်း သေဆုံး


ပါကစ္စတန်ရွေးကောက်ပွဲမတိုင်မီ ဗုံးပေါက်ကွဲအပြီးမြင်ကွင်း (ဇန်နဝါရီ ၇၊ ၂၀၂၄)
ပါကစ္စတန်ရွေးကောက်ပွဲမတိုင်မီ ဗုံးပေါက်ကွဲအပြီးမြင်ကွင်း (ဇန်နဝါရီ ၇၊ ၂၀၂၄)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Baluchistan ပြည်နယ်မှာ ရွေးကောက်ပွဲ စည်းရုံးရေးရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဗုံးပေါက်ကွဲမှု ၂ ခုကြောင့် အနည်းဆုံး ၂၇ ယောက် သေဆုံးပြီး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

လူဦးရေ ၂၄၁ သန်းရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ မနက်ဖြန် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာ Pishin နဲ့ Qilla Saifullah ခရိုင်က ပေါက်ကွဲမှုတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေကြတာပါ။ ရွေးကောက်ပွဲတွေ စီစဉ်ထားတဲ့အတိုင်း ကျင်းပဖို့ အရေးကြီးကြောင်းလည်း ပြည်နယ်အစိုးရပြောခွင့်ရ Jan Achakzai ကပြောပါတယ်။

ဒီမိုကရေစီစနစ်မှာ အရေးကြီးတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အကြမ်းဖက်ဝါဒီတွေကြောင့် ထိခိုက်ခံနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ Baluchistan က တခြားခရိုင်တခုမှာ လူ ၅ ယောက် သေဆုံးခဲ့တဲ့ ရွေးကောက်ပွဲစည်းရုံးရေးလှုပ်ရှားမှုမှာ ပေါက်ကွဲမှုဖြစ်ခဲ့အပြီး သီတင်းတပတ် အကြာမှာ အခုနောက်ထပ် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ အခုနောက်ဆုံး ပေါက်ကွဲမှုတွေအတွက် ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်ဆိုပြီး ကြေညာတာ မရှိပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ပေါက်ကွဲမှုကိုတော့ ဒေသတွင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ IS-K အဖွဲ့က သူတို့လက်ချက်အဖြစ် ပြောဆိုထားပါတယ်။

ပါကစ္စတန်ရွေးကောက်ပွဲရုံး ဗုံးပေါက်ကွဲမှု ၂၇ ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG