သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရွေးကောက်ပွဲ ဖမ်းဆီးခံဝန်ကြီးချုပ်ဟောင်းပါတီ အသာစီးရနေ


ပါကစ္စတန် ရွေးကောက်ပွဲ မဲပြားများ ရေတွက်နေစဉ်။ (ဖေဖော်ဝါရီ ၉၊ ၂၀၂၄)
ပါကစ္စတန် ရွေးကောက်ပွဲ မဲပြားများ ရေတွက်နေစဉ်။ (ဖေဖော်ဝါရီ ၉၊ ၂၀၂၄)

ပါကစ္စတန်နိုင်ငံမှာ ဖေဖော်ဝါရီ ၈ ရက်၊ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အကျဉ်းကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေက အသာစီးရနေပါတယ်။ ဒါဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုကာလအတွင်း အကြမ်းဖက်မှုတွေ၊ ဘယ်သူနိုင်မယ်ဆိုတဲ့ ကြိုတင် ပြောဆိုမှုတွေနဲ့ မိုဘိုင်းဖုန်းလိုင်း ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး နောက်တနေ့ ဒီကနေ့ ထွက်လာတဲ့ ကနဦး မဲရလဒ်တွေမှာ အဲဒီလို ဖော်ပြနေတာပါ။

ပါကစ္စတန်မှာ လူကြိုက်များ ဝန်ကြီးချုပ်ဟောင်း Khan ကို ထောင်ချထားပြီး၊ မနေ့ကစတဲ့ ဒီရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပါတီတွေကို မျက်နှာလိုက်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်နေချိန်၊ ကနဦးရလဒ်တွေလည်း ခုလို တဖြည်းဖြည်းချင်းထွက်လာနေတာပါ။

ဝန်ကြီးချုပ်ဟောင်း Khan ရဲ့ အတိုက်အခံပါတီကိုယ်စားလှယ်တွေ ဝင်ပြိုင်ခွင့် ကန့်သတ်ခံခဲ့ရပြီး တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ ဒီရွေးကောက်ပွဲကို မိုဘိုင်းဖုန်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ပြီး ကျင်းပခဲ့တာမှာ၊ လက်ရှိ အမတ်နေရာ ၁၀၀ ကျော်ရေတွက်အပြီး နေရာ၅၀ နီးပါးကို အတိုက်အခံတွေ အနိုင်ရထားပါတယ်။

အကျဉ်းကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan ပါတီရဲ့ မဲဆွယ်ပိုစတာကို ပြသနေတဲ့ ဒေသခံတဦး (ဖေဖော်ဝါရီ ၉၊ ၂၀၂၄)
အကျဉ်းကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan ပါတီရဲ့ မဲဆွယ်ပိုစတာကို ပြသနေတဲ့ ဒေသခံတဦး (ဖေဖော်ဝါရီ ၉၊ ၂၀၂၄)

အမတ်နေရာ စုစုပေါင်း ၂၆၅ ရှိတဲ့အထဲက နေရာ ၁၂၂ ခု အတွက် တရားဝင် ထွက်လာတဲ့ မဲရလဒ်တွေအရ ဝန်ကြီးချုပ်ဟောင်း Khan ရဲ့ PTI ပါတီက ၄၉ နေရာ နိုင်ထားပါတယ်။ စစ်တပ်ကျောထောက်နောက်ခံပေးထားတယ်လို့ အများယုံကြည်ထားတဲ့ နောက် ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ရဲ့ မွတ်ဆလင်ပါတီ PNL-N ကတော့ ၃၉ နေရာ အနိုင်ရထားပြီး၊ နောက်ပါတီတခုဖြစ်တဲ့ ပါကစ္စတန် ပြည်သူ့ပါတီ PPP က ၃၁ နေရာ နိုင်ထားပါတယ်။

နိုင်ငံရေး စီးပွားရေး မရေရာမှုတွေဖြစ်နေချိန် ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲထဲ မနေ့တုံးက တချို့မဲရုံတွေမှာ အဆင်မပြေမှုတွေနဲ့ ကမောက်ကမတွေ ဖြစ်ခဲ့တယ်လို့ မဲဆန္ဒရှင်တချို့က ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း Imran Khan ကို အယုံအကြည်မရှိအကြောင်း လွှတ်တော်က မဲခွဲဖြုတ်ချခဲ့ပြီး ၂ နှစ်နီးပါးအကြာမှာ ခုလိုရွေးကောက်ပွဲကျင်းပခဲ့တာပါ။ Imran Khan ကို အဂတိလိုက်စားမှုနဲ့ ပြီးခဲ့တဲ့နှစ်က ထောင်ဒဏ်ချခဲ့ပါတယ်။

ပါကစ္စတန်ရွေးကောက်ပွဲ ဖမ်းဆီးခံဝန်ကြီးချုပ်ဟောင်းပါတီ အသာစီးရနေ
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG