သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်လခဲက စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်


ဘောလခဲမြို့နယ် ခမရ (၁၁၂) ၁၂ မိုင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတွေ သတင်းထုတ်ပြန်ခဲ့ (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)
ဘောလခဲမြို့နယ် ခမရ (၁၁၂) ၁၂ မိုင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုတွေ သတင်းထုတ်ပြန်ခဲ့ (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီနယ်ထဲက စစ်တပ် စခန်းတခုကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က သိမ်းပိုက်လိုက်တယ်လို့ KPLA နဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တို့က သတင်းထုတ်ပြန်ပါတယ်။ ဘောလခဲမြို့နယ်ထဲက ခမရ - ၁၁၂ တပ်စွဲထားတဲ့ ၁၂ မိုင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ခဲယမ်းမျိုးစုံနဲ့ စစ်သုံး ပစ္စည်းတွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဓါတ်ပုံတွေနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာလည်း ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေ ဆက်လက်တိုက်ပွဲဖြစ်နေတာမှာ မြောက်ဦးမြို့နယ်ထဲက စစ်တပ်ဘက်က နောက်ဆုံးကျန်တဲ့ ရဲတပ်ရင်း ၃၁ ကို ဖေဖော်ဝါရီ ၈ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်လိုက်နိုင်ပြီလို့ AA က သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်ရေး စစ်သင်္ဘော ၃ စီးကိုလည်း နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သလို နောက်စစ်သင်္ဘောတစီးကိုလည်း ပျက်စီးအောင် ဖျက်ဆီး တိုက်ခိုက်နိုင်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာလည်း စစ်ကောင်စီဘက်က မြို့ထဲကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေစဲ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသား လက်နက်ကိုင် KIA တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေက နိုဝင်ဘာလတုန်းက ကောလင်းမြို့ကို တိုက်ခိုက် သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဘော်လခဲက စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG